1. Home
  2. Special or Others

နိုင်ငံတကာ FDA က ထောက်ခံ အတည်ပြုထားတဲ့ mask  အမျိုးအစားလေးခု

Special or Others ก.ค. 28, 2560 view 1,586

အိတ်ခ်ျဝမ်းအင်န်ဝမ်းအတွက် နိုင်ငံတကာ FDA က ထောက်ခံ အတည်ပြုထားတဲ့ mask  အမျိုးအစားလေးခုသာရှိ ကြောင်း http://www. wear mask.org/fda.html ဝက်ဘ်ဆိုက်မှာ ခွဲခြားပြထားပါတယ်။

အဲဒါတွေကတော့ Pasture Tm F550G Respiratorအမျိုး အစားကတော့ အများသုံး (public) နေရာတွေမှာသုံးတာများတယ်။ Mask မှာ အလွှာငါးခုပါကြောင်း သိရပါတယ်။ အရည်ကို ခုခံနိုင်ပြီးတပ်ဆင်တဲ့အပိုင်းနဲ့ အသက်ရှူသွင်းရှူထုတ်ရတဲ့အပိုင်း မှာ လွယ်ကူပါတယ်။ ဈေးနှုန်းလည်း ပုံမှန် mask တွေထက် ပိုများပါတယ်။

Pasture Tm A520G အမျိုး အစားမှာလည်း အများသုံးနေရာတွေမှာ တပ်ဆင်ဖို့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့မှာတော့ အလွှာလေးလွှာပါရှိပါတယ်။ တပ်ဆင်ဖို့အတွက် သက်သောင့်သက် သာရှိစေမှာဖြစ်တယ်လို့ သိရပါ တယ်။ နောက်တစ်ခု 3M – 8612F ကလည်း အများသုံးနေရာတွေမှာ တပ်ဆင်ဖို့ဖြစ်ပြီး လက်ရှိအွန်လိုင်းမှာ အများစုရောင်းချနေတဲ့ အမျိုးအစားဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ 3M – 8670F ကလည်း အများသုံး နေရာမှာ တပ်ဆင်နိုင်ပြီး သုံးစွဲသူနည်းကာ ပစ္စည်းရှားပါတယ်။ ပုံသxာန်မှာလည်း ပုံမှန် mask ထက် ကွဲပြားပါတယ်။

အသုံးပြုပုံကို Yangon – Singapore – Yangon – Delivery ဝန်ဆောင်မှုက နည်းလမ်းညွှန်ထားပါတယ်။ ပထမအချက်အနေနဲ့ N95 mask တပ်ဖို့ သံဘားလေးပါတာကို နှာခေါင်းမှာ ကပ်ပြီး ဘေးက ရော်ဘာကြိုး လေးကို နားမှာတပ်ရမှာပါ။ ပြီးရင် နှာခေါင်းနဲ့ ပါးစပ်ကို mask ထဲကိုဝင်အောင် သေသေချာချာဂရုစိုက်ပါ။ နှာခေါင်းနားကသံဘားလေးကို နှာခေါင်းပုံစံအတိုင်း အတိအကျ အံဝင်အောင် သေသေချာချာဖိပြီးပုံသွင်းယူပါ။

Credit : kumudranews

Author / မေဘယ်လ်



Follow us on