1. Home
  2. Special or Others

ပန်ဒါလေးများကို ကြမ်းတမ်းစွာ ပြုမှုသည့်ရုပ်သံ ဝေဖန်မှုပြင်းထန်နေ

Special or Others ก.ค. 28, 2560 view 1,539

တရုပ်နိုင်ငံ ချန်ဒူးရှိ ပန်ဒါသာဖောက်မွေးမြူရေး သုတေသနစခန်းတွင် ပန်ဒါသားပေါက်လေးများကို တရွတ်ဆွဲ ပစ်ခြင်း၊ စောင့်တွန်းခြင်းတို့ဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သည့် ဗီဒီယို အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့ပြီးနောက် ပန်ဒါထိန်းသိမ်းစောင့်ရှောက်သူ သုံးဦးကို ဝိုင်းဝန်ပြစ်တင်ကာ တိရိစ္ဆာန်ညှင်းပမ်းသူများဟု စွပ်စွဲခဲ့ကြသည်။

ပဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ သုတေသနဌါနမှ တာဝန်ရှိသူများက ဝန်ထမ်းများအနေနဲ့ ပန်ဒါသားပေါက်လေးများ လွတ်ထွက်မသွားစေရန် ကြိုးစားခဲ့ကြရတာဖြစ်ကြောင်းနှင့် ထိုနေ့က ပန်ဒါလေးများက ခါတိုင်းထက်ပို၍ ဆိုးသွမ်းနေသဖြင့် ထိန်းသိမ်းရာတွင် ကြမ်းတမ်းသလို ဖြစ်သွားကြောင်း ရှင်းပြတောင်းပန်ခဲ့သည်။
နောက်နောင်တွင် ယင်းကဲ့သို့သော အခြေနေမျိုးကို ပို၍ညင်သာသော နည်းလမ်းဖြင့် ကိုင်တွယ်နိုင်ရန် သင်တန်းများပေးမည်ဟု ပြောဆိုခဲ့သည်။


ဝန်ထမ်းတစ်ဦးကမူ ပန်ဒါ ကုတ်ခြစ်ထားဖြင့် အစင်းကြောင်းဖြစ်ကာ သွေးထွက်နေတဲ့ ဓါတ်ပုံကို တင်ခဲ့ပြီး ရံဖန်ရံခါ ပန်ဒါလေးများမှ ကုတ်ခြစ်တတ်သဖြင့် အလျှင်စလို ပြုလုပ်ရကြောင်း ရှင်းပြခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ပန်ဒါသည် တရုပ်နိုင်ငံသားတို့၏ အသည်းနှလုံး အဖိုးမဖြတ်နိုင်သည့် နိုင်ငံ့ရတနာတစ်ပါးဖြစ်တာကြောင့် ယခုလို အပြုအမူများကို လုံးဝလက်ခံနိုင်ခြင်း မရှိကြပေ။
 



Follow us on