1. Home
  2. Myanmar News

အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီး နေအိမ်ကိုမီးရှို့မှုဖြစ်ပွား

Myanmar News ก.ค. 30, 2560 view 1,571

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မောဟန်ကျေးရွာ ဘူတာစုရပ်ကွက်တွင် စိတ်ဖောက်ပြန်သူတစ်ဦးက ကိုယ်တိုင်နေအိမ်ကို မီးရှို့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 


ဖြစ်စဉ်မှာ ဇူလိုင် ၃၀ရက် နေ့လည် ၁ နာရီ ၃၅ မိနစ် အချိန်ခန့်က မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ဘူတာစုကွက်သစ်ရပ်ကွက်ရှိ မောင်တို(ခ)ကျော်အောင်က ၎င်းနေအိမ်ကို ကိုယ်တိုင်မီးရှို့ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရမော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးအောင်ဆန်းဝင်း နှင့်အဖွဲ့ မော်ဟန်ရဲကင်းစခန်းမှူး ရဲအုပ်စိုးဝင်းနှင့်အဖွဲ့ မိုးညှင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ် ဦးစီးမှူးအောင်ကိုဝင်း မော်ဟန်ရွာဒေသအရံမီးသတ် တပ်ခွဲမှူး ခင်မောင်ကျော်အဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။


မောင်တို(ခ)ကျော်အောင် ကို စစ်ဆေးခဲ့ရာ နေအိမ်ပေါ်ရှိ မိခင်ဖြစ်သူ ဒေါ်သန်းခင်၏ အိပ်ခန်းအတွင်းရှိ စောင်အားမီးရှို့ခဲ့၍ မီးလောင်ကျွမ်းမှုကြောင့် မောင်တို(ခ)ကျော်အောင်မှာ မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး (၃×၂)ခန်း သွပ်မိုးပျဉ်ကာ ပျဉ်ခင်းနေအိမ်တစ်လုံးနှင့် (၂)ခန်းပတ် လည်သွပ်မိုး ထရံကာ ပျဉ်ခင်း (စပါးတင်း-၅၀)စပါးကျီ တစ်လုံးတို့ မီးလောင်းကျွမ်းခဲ့ကြောင်း သိရှိရသည်။


မီးလောင်ရာသို့ တာဝန်ရှိသူများနှင့်ဒေသခံ များမှအချိန်မီဝိုင်းဝန်း ငြိမ်းသတ်နိုင်ခဲ့သဖြင့် အခြားအိမ်များသို့ ကူးစက် လောင်ကျွမ်းမှုမရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် နေအိမ်အား မီးရှို့သူတရားခံ မောင်တို(ခ)ကျော်အောင် ကို မိုးညှင်းမြိုမရဲစခန်းက အရေးယူဆောင်ရွက်ခဲ့သည်။


သတင်းရင်းမြစ်−Cyclone Mawlu

 



Follow us on