1. Home
  2. Myanmar News

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရ

Myanmar News ก.ค. 30, 2560 view 1,547

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစြွဆိုခံထားရသော Myanmae Now သတင်းဌါနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မင်္ဂလာဒုံမြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူကလေးငယ်များကို နှိပ်စက်ညှင်းပန်းမှုကို ဖော်ထုတ်ပေးခဲ့သော Myanmar Now မှ အယ်ဒီတာချုပ် ကိုဆွေဝင်းက မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။ ယင်းကဲ့သို့ ဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေ က မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါအမှုအတွက် လာမယ့် သြဂုတ်လ ၃ ရက်နေ့တွင် လာရောက်အဖမ်းခံမှာဖြစ်ကြောင်း ရဲစခန်းထံ အကြောင်းကြားခဲ့ပြီးနောက် ကိုဆွေဝင်းဟာ ဘန်ကောက်ရှိ Myanmar Now ရုံးခွဲထံ သွားရန် ဇူလိုင်လ ၃၀ ရက်နေ့ လေဆိပ်ကိုရောက်ရှိချိန်မှာ ဖမ်းခံရတာဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ ကိုဆွေဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်−RFA
 



Follow us on