1. Home
  2. Special or Others

အသက် ၈၀ ဖွားဖွားက ၁၃ နှစ်အရွယ် ချာတိတ်ကို အကြိမ်ကြိမ်အဓ္ဓမပြုကျင့်

Special or Others ก.ค. 31, 2560 view 1,635

အဓ္ဓမပြုကျင့်တဲ့အမှု တော်တော်များများဟာ အမျိုးသားတွေဘက်က စတင်ကျူးလွန်လို့ ဖြစ်ရတာ များပေမယ့် ယခုအမှုကတော့ အနည်းငယ်ထူးဆန်းနေပါတယ်။ အသက် ၈၀ အဖွားအိုတစ်ဦးဟာ သူ့ရဲ့ ယောက်ျားအိမ်တွင် မရှိခိုက် အသက် ၁၃ နှစ် ကောင်လေးတစ်ယောက်ကို အကြိမ်ကြိမ် အဓ္ဓမပြုကျင့်မှုနဲ့ အမှုဖွင့်တိုင်ကြားခံထားရပါတယ်။


အင်ဒိုနီးရှာနိင်ငံ ကိုတာပလန်ဘန်းမြို့မှာနေထိုင်တဲ့ ရိုဟာနာ အသက် ၃၃ နှစ်အရွယ် မိခင်တစ်ဦးက သူမ၏ အသက် ၁၃ နှစ်အရွယ်သားဖြစ်သူ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကာ ကြောက်လန့်တစ်ကြား အော်ဟစ်ပြေးလွှာနေတာနဲ့ ပက်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ခဲ့သဖြင့် ရဲစခန်းတွင်တိုင်ကြားခဲ့သည်။

ကလေး၏ ထွက်ဆိုချက်အရ အသက် ၈၀ အရွယ် ဂျိုဝို ဆိုသော အဖွားကြီးသည် စွန့်ပစ်ပစ္စည်းဟောင်းလေးများကို လိုက်ကောက်ပြီး ပြန်ရောင်းစားသူဖြစ်သည်။ လမ်းဘေးတွင် ပလပ်စတ်ကောက်သည့်အလျှောက် ကလေးတွေနဲ့ ခင်မင်ရင်းနှီးသူလည်းဖြစ်သည်။


ထို့ကြောင့် လင်ယောက်ျား မရှိသည့်အချိန်တိုင်း ကလေးကို အိမ်ခေါ်သွားကာ ရင်းနှီးအောင်လုပ်ပြီးနောက် အဓ္ဓမပြုကျင့် သည်အထိ ကျူးလွန်ခဲ့သည်။ ကလေးငယ်က အဖွားအရွယ်မျှရှိသူနှင့် မဖြစ်သင့်ကြောင်း နားလည်သော်လည်း ထိုအကြောင်းကို ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ည်။ ၁၀ ကြိမ်ထက်မနည်း အဓ္ဓမကျူးလွန်ခဲ့ပြီး တစ်ကြိမ်လိင်ဆက်ဆံပြီးပါက အင်ဒိုနီးရှားငွေ ၁၅ ရူပီးပေးကြောင်းပြောဆိုခဲ့သည်။

ကလေး၏ မိခင်ဖြစ်သူက သူမ၏ အရွယ်မရောက်သေးသည့် ကလေးကို အညွှန့်ချိုးခဲ့သည့် လုပ်ရပ်ကို လက်မခံနိုင်သည့်အတွက် ရဲတိုင်ကြားခဲ့ခြင်းဖြစ်သည်။
 



Follow us on