
ဇူလိုင်လ ၃၁ ရက်(ယနေ့) ညနေပိုင်းက ရဲအစောင့်အကြပ်ဖြင့် ခေါ်ဆောင်လာသော တရားခံကို လူနှစ်ဦးက လမ်းတွင် ဖြတ်ကာ ရဲလက်မှ လုယူသော ရုပ်ရှင်ဆန်ဆန် အဖြစ်ပျက်တစ်ခု ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ပုဒ်မ ၃၂၆ ဖြင့် တရားစွဲခံထားရသော တရားခံ အောင်ဖြိုးဝေ(ခ)ဝက်ပုတ် အသက် ၂၁ နှစ် မှော်ကန်လမ်း(၂၀)တွင် နေသူအား ချုပ်ရက်ရမန်ယူပြီး ရဲအစောင့်ကြပ် နှစ်ဦးဖြင့် လက်ထိတ်ခတ်ကာ မော်တော်ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့သည်။
ရွှေသာလျောင်းလမ်း ပိတောက်မြိုင်လမ်းထိပ်အရောက်တွင် အနက်ရောင်တီရှပ်ဝတ်ဆင်ထားသော လူငယ် နှစ်ယောက်က ဆိုင်ကယ်ဖြင့် နောက်ကလိုက်လာခဲ့ပြီး တရားခံတင်ဆောင်မောင်းနှင်လာသော ရဲမော်တော်ဆိုင်ကယ်ကို နောက်ကနေ လဲကျအောင် ဝင်တိုက်ခဲ့သည်။

ဆိုင်ကယ်လဲကျသွားချိန်တွင် လူငယ်နှစ်ဦးက တရားခံကို ဓါးရှည်ဖြင့် ခိုက်လံခုတ်ရာ တရာခံမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။ အဆိုပါ တရားခံ အောင်ဖြိုးဝေ(ခ)ဝက်ပုတ် မှာ သံလျင်မြို့မရဲစခန်းမှ လုယက်မှုဖြင့်ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးလည်း ဖြစ်ကြောင်း သိရှိရပြီး တွေ့ရှိသူများ အနေနှင့် ဖုန်းနံပါတ် ၀၉၄၉၄၅၁၂၆၀ ၊ ၀၉၇၉၈၁၅၇၃၃၉ ၊ ၀၅၂၂၂၂၁၅၀၅ များသို့ ဆက်သွယ် သတင်းပေးကြရန် ဖော်ပြထားသည်။
သတင်းရင်းမြစ်−UThantZin
comment