1. Home
  2. Special or Others

အကြွေး ၂၅ သန်းတင်နေလို့ မျက်နှာခွဲစိတ်ပြုပြင်ကာ ရှောင်ပုန်းသူ ဖမ်းဆီးခံရ

Special or Others ก.ค. 31, 2560 view 1,596

တရုပ်နိုင်ငံ ဝူဟန်တရားရုံးက တရုပ်ယွမ်ငွေ အကြွေး ၂၅ သန်းကို ပေးရမည်ဟု အမျိုးသမီးတစ်ဦးကို အမိန့်ချမှတ်ခဲ့ပြီးနောက် အဆိုပါအမျိုးသမီးက အကြွေးရှင်နှင့် တရားရုံးကို လှည့်စားရှောင်ပုန်းရန် မျက်နှာခွဲစိတ်ပြုပြင်ခဲ့သည်။
 


အသက် ၅၉ နှစ်အရွယ် Zhu Najuan ဆိုသူ အမျိုးသမီးကြီးတစ်ဦးသည် အကြွေး ၂၅ သန်းပေးရန် ရှိနေသည့်အတွက် မျက်နှာခွဲစိတ်ပြုပြင် ပုံစံပြောင်းလိုက်သဖြင့် အကြွေးရှင်များနှင့် ဥပဒေ၏ မျက်စိအောက်မှ ယခုနှစ်အစောပိုင်းတွင် သူမပျောက်ကွယ်သွားခဲ့သည်။

သို့သော် ဇူလိုင်လထဲမှာ ရှန်ဇန်ရဲတက်ဖွဲ့က ရုပ်ပြောင်းထားသော သူမကို ခြေရာခံမိကာပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။ ဝူဟန်မှ ရဲများက သူမအားလာရောက်လွှဲပြောင်း ခေါ်ဆောင်သည့်အခါ ယခင်နဲ့လုံးဝမတူတော့ပဲ အသက် ၃၀ ဝန်းကျင်ခန့် အသွင်ပြင်ကြောင့် အံ့အားသင့်ခဲ့ရသည်။


သူမပုန်းရှောင်နေစဉ် အချိန်အတွင်း အခြားတစ်ယောက်၏ မှတ်ပုံတင်ဖြင့် ရထားလက်မှတ်ဝယ်ခြင်း၊ ဘဏ်မှ ပိုက်ဆံငွေချေးခြင်း တို့ကိုဖြင့် သူမ၏ ဘဝသစ်မှာ ကျင်လည်ခဲ့ရကြောင်း ဝန်ခံပြောဆိုခဲ့သည်။ မည်သူက သူမကို ထောက်ပံ့ချေးငှားခဲ့သည်ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

တရုပ်နိုင်ငံတွင် အကြွေးဝယ်ယူခြင်းစနစ်ကို မျိုးစေ့ချခဲ့ပြီးနောက်ပိုင်းတွင် အကြွေးပြသနာအခက်အခဲများ ကြီးထွားလာခဲ့သည်။ လွန်ခဲ့သောနှစ်က အမျိုးသားတစ်ဦးက သူ၏အငယ်မယားနှင့် ရခဲ့သော ၂ နှစ်အရွယ်သားငယ်ကို အကြွေးဆပ်ဖို့ ရောင်းချရန် ကြိုးစားခဲ့ဖူးသည်။
 



Follow us on