1. Home
  2. Special or Others

iPhone 7၊ ၃၂ လက္မတီဗီ၊ ဟွန်ဒါဆိုင်ကယ်နဲ့ အခြားဆုမဲတွေ ဖောက်ပေးမယ့် ထူးထူးဆန်းဆန်း မင်္ဂလာဆောင်

Special or Others ส.ค. 01, 2560 view 1,641

မင်္ဂလာဆောင် အများစုက ဧည့်ခံပွဲသို့ လာရောက်ချီးမြှင့်ကြသူများကို အစားအသောက် အကျွေးအမွေးများနဲ့ အမှတ်တရ သော့ချိတ်လေးတွေကို ပြန်လည်ပေးလေ့ရှိပါတယ်။ ထူးထူးဆန်းဆန်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မင်္ဂလာဆောင်တစ်ခုကတော့ အရောင်းမြှင့်တင်ပွဲများပြုလုပ်သလို လာရောက်ချီးမြှင့်မယ့်သူတွေကို အဖိုးတန် ပစ္စည်းများနဲ့ ကံစမ်းမဲ ဖောက်ပေးသွားမှာဖြစ်ပါတယ်။


လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ မင်္ဂလာဆောင်မယ့် Daniel နဲ့ Ferlencia တို့ မင်္ဂလာမောင်မယ် နှစ်ဦးက သူတို့ရဲ့ မိတ်ဆွေတွေဆီ မင်္ဂလာဖိတ်စာ ဝေငှခဲ့ပါတယ်။
မင်္ဂလာပွဲကို စောစောရောက်လာသူတွေအတွက် ၃၂ လက္မ LED တီဗီ ၁ လုံး၊ iPhone 7 ၁ လုံးတို့ မဲဖောက်ပေးမှာဖြစ်ပါတယ်။ မင်္ဂလာပွဲကို ချီးမြှင့်ကြသူများအတွက် ၄၀ လက္မ LED တီဗီ၊ ဆမ်ဆောင်း တက်ဘလက်၊ ဆမ်ဆောင်း စမတ်ဖုန်း တို့အပြင် အထူးဆုအဖြစ် ဟွန်ဒါမော်တော်ဆိုင်ကယ်တစ်စီး ပါဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မင်္ဂလာဆောင်ဖိတ်စာတွင် ကံစံမဲအမှတ်ပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီလိုထူးဆန်းတဲ့ မင်္ဂလာပွဲကတော့ ဧည့်သည်တွေနဲ့ စည်ကားနေမှာ အမှန်ပင်ဖြစ်ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာ ကျင်းပမှာမို့ လေယဉ်လက်မှတ်ဝယ်ပြီး အင်ဒိုနီးရှားသွားရရင်ကောင်းမလားပဲနော်…။

သတင်းရင်းမြစ်−အယ်လီကျော်
 



Follow us on