1. Home
  2. Myanmar News

ဆိုင်ကယ်ဖြင့် အမျိုးသမီးငယ်ကို ဓားထောက်လုယက်မှုဖြစ်ပွား

Myanmar News ส.ค. 02, 2560 view 1,529

သြဂုတ်လ (၁)ရက်နေ့ ညအချိန် ၇ နာရီခန့်တွင် မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသော မိန်းကလေးတစ်ဦးအား ဓါးထောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ည ၇ နာရီအချိန်ခန့်တွင် ကြက်ပေါင်ခြံနှင့် ရမ်ပူရပ်ကွက်ဆုံရာ ကြံ့ခိုင်​ရေးရုံးနောက်ကျောဘက်ရှိ လမ်း၌ မိန်းကလေးတစ်ဦးတည်း ဆိုင်ကယ်စီးလာစဉ် သူမ၏နောက်မှ လင်မယားဟု ယူဆရသည့် စုံတွဲတစ်တွဲက ဆိုင်ကယ်နဲ့ လိုက်လာခဲ့သည်။ ထို့နောက် မိန်းကလေးကို ကျော်တက်ကာ ဆိုင်ကယ်ကို ရှေ့မှပိတ်ရပ်ပြီး မိန်းမဖြစ်သူမှ ဓါးနဲ့ထောက်ကာ ယောက်ျားဖြစ်သူက ဆွဲကြိုးဖြတ်ပြေးခဲ့သည်။


အနီးနားကို အကူညီတောင်းခဲ့ပြီးနောက် ဝိုင်းဝန်းဖမ်းဆီးခံရပြီး တရားခံစုံတွဲနှင့်အတူ ဆွဲကြိုးတို့ကို ပြန်လည်ရရှိခဲ့သည်။ တရားခံအား အမှုဖွင့်အရေးယူရန် ရဲများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်−မြစ်ကြီးနားသတင်း
 



Follow us on