1. Home
  2. Myanmar News

ကျပ်သိန်းတစ်သောင်း အောင်ဘာလေထီဆုကို တာချီလိတ် မှ ဆွတ်ခူးရရှိ

Myanmar News ส.ค. 02, 2560 view 1,587

သြဂုတ် ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ၅ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို တာချီလိတ် မြို့နယ်မှ ဆွတ်ခူးရရှိ သွားကြောင်း သိရသည်။


ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ၏ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းဆုဖြစ်သည့် ကည-၈၂၈၁၇၉ နံပါတ်ဖြင့် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေမှ ဆွတ်ခူးပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ သိန်းတစ်သောင်းဆုကို ရှမ်းပြည်နယ်မှ သုံးကြိမ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ယင်းနှင့် ပတ်သက်ပြီး မိုးယံ ရွှေလမင်း နှင့် မြတ်ဆုကုဋေ ထီဆိုင်မှ တာဝန်ရှိသူ တစ်ဦးက "ကျပ်သိန်းတစ် သောင်းဆုရှင်ကရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ကပါ၊၊ သူ့ရဲ့လုံခြုံရေးအတွက် လက်ရှိ တာချီလိတ်ကလို့ပဲပြောလို့ရပါမယ်၊၊ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် သူရန် ကုန် ဆင်းလာမှာပါ၊၊ သူ့ကိုဆက်သွယ်တုန်းက အစည်းအဝေးအခန်းထဲရောက်နေ လို့ပြန်ခေါ်မယ် လို့ပဲပြောပါတယ်" ဟု ဩဂုတ်လ ၁ ရက်နေ့ ည၈နာရီခွဲအချိန်ကဒီမိုကရေစီတူဒေး သတင်းစာသို့ အတည်ပြုပြောကြားခဲ့သည်။

သတင်းရင်းမြစ်−ဒီမိုကရေစီတူဒေး

 



Follow us on