1. Home
  2. Movie Stars - Celebrity

H1N1 ကူးစက်မှုမှ ပြန်လည်ကျန်းမာလာတဲ့ သရုပ်ဆောင်စုလင်းရှိန်

Movie Stars - Celebrity ส.ค. 02, 2560 view 1,451

ရန်ကုန်ပြည်သူဆေးရုံကြီးတွင် H1N1 ကူစက်တုတ်ကွေး ဖြစ်ပွားခဲ့တဲ့အတွက် ဆေးကုသမှုခံယူခဲ့ရသော သရုပ်ဆောင် စုလင်းရှိန်တစ်ယောက် ပြန်လည်ကျန်းမာလာပြီး စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း သိရှိရပါတယ်။

တုတ်ကွေးဘယ်လိုကြောင့် စတင်ကူးစက်ခံခဲ့ရတယ်ဆိုတာ သူမကိုယ်တိုင် သေသေချာချာမသိခဲ့ပေမယ့် ရန်ကုန်−နေပြည်တော်ကို ခရီးသည်တင် Express ကားနဲ့ သွားခဲ့ရာမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
သူမရဲ့ အတွေ့အကြုံအရ H1N1 ကူးစက်ခံထားရတိုင်း အရမ်းကြီး မစိုးရိပ်ကြဖို့နဲ့ ကိုယ်ခံစွမ်းအားပြည့်ဝအောင် အဟာရဖြစ်မယ့် အစားအစာတွေ စားသောက်နေထိုင်ကြဖို့ ပြောဆိုခဲ့ပါတယ်။ ကူးစက်ရောဂါဆိုပေမယ့် လူတိုင်းတော့မဖြစ်ကြောင်းနဲ့ အပြင်ထွင်တဲ့အခါ Mask တပ်သွားကြဖို့၊ လက်တွေကို စင်ကြယ်စွာဆေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်လို့ အကြံပြုပါတယ်။


သူမဟာ စိုးရိမ်စရာအခြေအနေမှ ကင်းဝေးကာ ပြန်လည်သက်သာ ကျန်းမာလာပြီဖြစ်ပြီး စိတ်ပူပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်−ပေါ်ပြူလာ
 



Follow us on