1. Home
  2. Myanmar News

ဇေကမ္ဘာဘုရားအနီး ဒဏ်ရာရအမျိုးသမီးတစ်ဦးအား လာရောက်စွန့်ပစ်ထားမှုဖြစ်ပွား

Myanmar News ส.ค. 03, 2560 view 1,436

သြဂုတ်လ ၃ ရက်နေ့ နံနက် ၂ နာရီ ဝေလီဝေလင်းအချိန်၌ ဇေကမ္ဘာဘုရားရှေ့  ဝင်ပေါက်အနီးတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာကာ အမျိုးသမီးတစ်ဦးကို စွန့်ပစ်သွားခဲ့သည်ကို လုံခြုံရေးဝန်ထမ်းများက တွေ့ရှိခဲ့သည်။


အမျိုးကမီးကို သွားရောက်ကြည့်ရှုရာ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိထားကြောင်းတွေ့ရှိရသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များမှ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကူညီရယူကာ လူနာအမျိုးသမီးအား မေဓါဝီဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်− ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့
 



Follow us on