1. Home
  2. Myanmar News

မန္တလေးမြို့တွင် လမ်းခင်းရန် မြေညှိရာမှ ကျောက်စိမ်းတုံးများတွေ့ရှိ

Myanmar News ส.ค. 04, 2560 view 1,747

မန္တလေးမြို့ ချမ်းအေားသာစံမြို့နယ်၊ ၃၃ လမ်း ၈၅လမ်းနှင့် ၈၆လမ်းကြားတွင် လမ်းပြင်ရန် မြေညှိရာမှ ကျောက်စိမ်းတုံးများ တွေ့ရှိခဲ့ရာမှ လာရောက်တူးဖော်သူများပြားလာသဖြင့် အဆိုပါနေရာကို တူဖော်ခွင့် ရပ်ဆိုင်းထားခိုင်းရကြောင်း သတင်းရရှိသည်။


သြဂုတ်လ ၂ ညနေ ၆ နာရီခန့်အချိန်တွင် အဆိုပါနေရာကို လမ်းမြေညှိရန် မြေတူးစက်ဖြင့် ကော်ရာမှ ကျောက်စိမ်းဖျက်စများ တွေ့ရှိခဲ့ရသဖြင့် လာရောက်တူးယူသူများ တစ်စ တစ်စ များပြားလာခဲ့သည့်အတွက် ည ၁၁ နာရီအချိန်ခန့်တွင် အမှတ်(၆) နယ်မြေရဲစခန်းမှ ရဲတပ်​ဖွဲ့ဝင်​များ၊ ရပ်ကွက်​အုပ်​ချုပ်​​ရေးမှူးနှင့် အဖွဲ့ဝင်​များက လုံခြုံ​ရေးရယူထားပြီး တိုင်း​ဒေသကြီး စည်​ပင်​သာယာ​ရေးဝန်​ကြီး၊ မြို့​တော်​ဝန်​ ​ဒေါက်​တာရဲလွင်​ လာ​ရောက်​ကြည့်ရှုစစ်​​ဆေးကာ လူအုပ်​မှာပိုမိုများပြားလာ၍ တူး​ဖော်​​နေသူများကို ရပ်ဆိုင်းခိုင်းထားရကြောင်း သိရှိရသည်​။


အဆိုပါနေရာတွင် ယခင်က ကျောက်ပွဲစားတန်း၊ ကျောက်ဖြတ်သူများနှင့် စည်ကားခဲ့ဖူးသော ကျောက်ဝိုင်းနေရာဖြစ်ခဲ့ဖူးသည့်အတွက် ကျောက်စိမ်းဖြတ်စများ မြေတူးရာတွင် ပြန်လည် ထွက်ပေါ်လာခဲ့ကြောင်း မြို့ခံများက ပြောပြသည်။


ယခင်က ကျောက်စိမ်းဖြတ်စများမှာ တန်ဖိုးမရှိသလောက်ဖြစ်သဖြင့် စွန့်ပစ်ထားခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ကျောက်စိမ်းဖြတ်စ တစ်စလျှင် ကျပ် ၅ ထောင်မှ ကျပ် ၁ သောင်းထိ ပေါက်ဈေးရှိသဖြင့် ယခုလိုလာရောက် တူးဖော်သူများပြားခဲ့ကြောင်း သိရှိရသည်။

 

သတင်းရင်းမြစ်−မြစ်မခမီဒီယာ


 



Follow us on