1. Home
  2. Special or Others

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာကွယ်ပေးမည့် စတစ်ကာ

Special or Others ส.ค. 04, 2560 view 1,540

MIT အင်ဂျင်နီယာအဖွဲ့က တီထွင်ဖန်တီးလိုက်တဲ့ စတစ်ကာဟာ မည်သည့် အဝတ်အစားမျိုးမှာဆို ကပ်ခွာပြုလုပ်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံရပါက ချက်ခြင်းသတင်းပေးပို့ပြီး စော်ကားခံနေရသူရဲ့ နေရာနဲ့ ဖြစ်စဉ်တွေကို ဆက်သွယ်အကြောင်းကြားပေးမှာဖြစ်ပါတယ်။


အဆိုပါကပ်ခွာ တပ်ဆင်ထားသော အဝတ်အစားကို ဆွဲချွတ်တယ်လို့ ကပ်ခွာက ယူဆတဲ့အချိန်မှာ ဖုန်းကို “သဘောတူလက်ခံပါသလား” ဆိုတဲ့ မက်ဆေ့ချက်ခြင်းဝင်လာပါမယ်။ အကယ်၍ ဒီမက်ဆေ့ကို စက္ကန့် ၃၀ အတွင်း အကြောင်းပြန်ကြားခြင်းမပြုရင်တော့ အကူအညီအတွက် ကြိုတင်ထည့်သွင်းထားတဲ့ ဖုန်းနံပါတ် ၅ ခုဆီကို အချက်ပေးစနစ်အနေနဲ့ အကူညီတောင်းခံတဲ့ မက်ဆေ့ပေးပို့ မှာဖြစ်ပြီး တည်နေရာကိုပါ တွဲပို့မှာဖြစ်ပါတယ်။


အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ နေ့စဉ် သွားလာနေကြရာမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကြုံတွေ့လာတဲ့အခါ ကာကွယ်နိုင်ဖို့အ တွက် MIT Media Labက အိန္ဒိယသု တေသီ မနီရှာမိုဟန်က ဒီအဝတ်အထည် ကပ်စတစ်ကာထောက်လှမ်းစနစ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။

ကပ်ခွာစတစ်ကာက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ကာကွယ်မှုအထိုက်အလျောက် ဖြစ်စေ နိုင်သလို တရားရင်ဆိုင်မှုတွေမှာလည်း သက်သေအထောက်အထားတွေ ရစေတဲ့ အတွက် နစ်နာသူအတွက် အကူအညီ တစ်ခုဖြစ်စေမယ်လို့ ဖ်ာပြထားပါတယ်။

 



Follow us on