1. Home
  2. Special or Others

ဆန်းကြယ်လှသည့် ဖူးစာကံ

Special or Others ส.ค. 04, 2560 view 1,587

သင်ဖူးစာဆိုသော အရာကို ယုံကြည်ပါသလား။ လူတော်တော်များများဟာ ကိုယ်လမ်းကိုယ် ထွင်ကြရသည်ဟု ယုံကြည်မှုရှိသောကြောင့် ဖူးစာဆိုတာနဲ့ ပက်သက်ပြီး ဝိဝါဒတွေ ကွဲပြားလျှက်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဖူးစာ ဆိုတာကိုတော့ အချို့လူတွေအတွက် တစ်ကယ်ကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဆန်းကြယ်ပါတယ်။


ဖူးစာဆိုတာ မုံမရှိကြနဲ့ ဆိုတဲ့အကြောင်းကို အမေရိကန်လူမျိုး တိုင်ရယ် ဝူလ်ဖီ နှင့် သူ၏ ဖိလစ်ပိုင်နိုင်ငံသူ ဇနီးသည် ဂျော်ရနာ တို့ရဲ့ အဖြစ်က သက်သေပြခဲ့ကြပါတယ်။

၂၀၀၀ ခုနှစ်မှာ ဂျော်ရနာလေးဟာ ခရစ်စမတ်စ်ဖိနပ်လက်ဆောင်လေးတစ်ခုကို ကံအားလျော်စွာရရှိခဲ့ပါတယ်။ ဒီလက်ဆောင်ကတော့ ကလေးလူငယ်အဖွဲ့အစည်းမှနေပြီး တကမ္ဘာလုံးကို ခရစ်စမတ်စ်လက်ဆောင်အဖြစ် အ ရုပ်နဲ့ အခြားလက်ဆောင်တွေကို ပို့ပေးတာဖြစ်ပါတယ်။ ဂျော်ရနာ ရခဲ့တဲ့ ခရစ်စ္စမတ်ဖိနပ်လေးက အင်ဒိုဟာမှာနေတဲ့ တိုင်ရန်လေးပေးခဲ့တဲ့ လက်ဆောင်လေး ဖြစ်ပါတယ်။

 

အဲဒီအချိန်က ဂျော်ရနာဟာ ကျေးဇူးတင်ကြောင်းစာကို တိုင်ရန်ဆီပေးပို့ခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ မရောက်ခဲ့ပါဘူး။ ဒီလိုနဲ့ ဂျော်ရနာဟာ တိုင်ရန်ကို ကျေယးဇူးတင်ကြောင်း ပြောနိုင်ဖို့ ဖေစ့်ဘွတ်ပေါ်မှတဆင့် ကြိုးစားခဲ့ပါတယ်။ တိုင်ရန်ဟာ ပထမပိုင်းမှာ ငြင်းနေသော်လည်း နောက်ပိုင်းမှာ လက်ခံလိုက်ပြီး သူတို့နှစ်ဦး သူငယ်ချင်းဖြစ်သွားပါတော့တယ်။


၂၀၁၃ မှာ တိုင်ရန်ဟာ ဖိလစ်ပိုင်မှာနေတဲ့ ဂျော်ရနာဆီကို သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစပိုင်းမှာ ကြောက်လန့်နေသော်လည်း  တစ်ယောက်နှင့် တစ်ယောက်တွေ့တဲ့အခါမှာ အတိုင်းမသိ ၀မ်းသာသွားကြပါတယ်။


တိုင်ရန်ဟာ သူတို့နှစ် ယောက်ဆုံစည်းမှုဟာ ကံကြောင့်မဖြစ်နိုင်ဘူး၊ ဘုရားမတာပဲဖြစ်မယ်ဟု သတင်းမှာရှင်းပြခဲ့ပါတယ်။ ဖိလစ်ပိုင်သို့ အကြိမ်အနည်းငယ် သွားရောက်လည်ပတ်ပြီးတဲ့အခါမှာတော့ တိုင်ရန်က သူမ၏ဖခင်ထံမှာ ဂျော်ရနာကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။


၂၀၁၄ အောက်တိုဘာမှာ တိုင်ရန်ဟာ ဂျော်ရနာနှင့်အတူ အင်ဒိုဟာကိုပြန်ပြီး တိုင်ရန့်မိသားစုခြံမှာပဲ မင်္ဂလာဆောင်ခဲ့ပါတယ်။ သူတို့နှစ်ဦး၏ ဆုံတွေ့မှုဟာ ခရစ်စမတ်စ် လက်ဆောင်လေးတစ်ခုက စတင်ခဲ့ပါတယ်။ ယခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ကလေးတွေနဲ့အတူ အင်ဒိုဟာမှာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင် လျက်ရှိပါတယ်။


 



Follow us on