1. Home
  2. Special or Others

မွေးကင်းစကလေးငယ်၏ ဗိုက်ထဲတွင် အမြွှာညီဖြစ်သူ သန္ဓေသားတည်နေ၍ ဆရာဝန်များ အခက်တွေ့

Special or Others ส.ค. 06, 2560 view 1,576

မွေးဖွားပြီ:ကာစ ကလေးငယ်၏ ဝမ်းဇိုက်ထဲတွင် သူ၏အမြွှာညီအစ်ကို ဖြစ်လာရမည့် သန္ဓေသားကို တွေ့ရှိခဲ့ရသဖြင့် ဆရာဝန်များအခက်တွေ့ခဲ့ရမူတစ်ခု အိန္ဒိယနိုင်ငံ မန်ဘရာမြို့ရှိ ဆေးရုံတစ်ရုံတွင် ဖြစ်ပွားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဘီလာဆေးရုံတွင် သားဖွားခဲ့ရာ ယောက်ျားလေးတစ်ဦးကို မိခင်ရော ကလေးပါ ကျန်းမာစွာဖြင့် မွေးဖွားနိုင်ခဲ့သည်။ ဆရာဝန်များက ကလေးကို စစ်ဆေးကြည့်ရာ ကလေးငယ်၏ ဗိုက်ထဲတွင် သူနှင့် အမြွှာညီအစ်ကိုဖြစ်လာရမည့် သန္ဓေသားက တည်နေတာကို ထူးဆန်းစွာတွေ့ရှိခဲ့ရသည်။


သန္ဓေသားမှာ လက်မောင်း၊ ခြေထောက်နဲ့ ဦးဏှောက်ဖွဲ့စည်းမှုများ ဖြစ်တည်ပြီးသား ဖြစ်နေပြီး ကလေးငယ်၏ ဝမ်းဇိုက်သေသေးလေးထဲမှာ (၇)စင်တီမီတာခန့် ရှုပ်ထွေးစွာ သန္ဓေတည်နေခဲ့သည်။ အဆိုပါ အဖြစ်အပျက်မျိုးသည် အလွန်တစ်ရာမှ ဖြစ်ခဲသော အခြေအနေဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ယခုအချိန်ထိ အလားတူအခြေနေမျိုး ကြုံတွေ့ရမှု ၂၀၀ အောက်မှာသာ ရှိကြောင်း ဆရာဝန်များက ပြေကြားခဲ့သည်။


ကလေးငယ်၏ ဗိုက်အတွင်းမှ သန္ဓေသားကို ဆရာဝန်များအောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင်ခဲ့ကြသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ အမြွှာကိုယ်ဝန်ဆောင်စဉ် သန္ဓေသားနှစ်ခုမှာ မိခင်၏ အချင်းတိုင်တစ်ခုထဲက အစာကိုခွဲဝေရယူကြစဉ် သန္ဓေသားနှစ်ခု ရောထွေးသွားပြီးနောက် သန္ဓေသားတစ်ခုက သန္ဓေသားတစ်ခုရဲ့ အထဲကို ရောက်သွားခြင်းကြောင့် ဖြစ်ရကြောင်း မျိုးရိုးဗီဇပညာရှင် ဒေါက်တာ နီးနာ နီချီလန်နီက ရှင်းပြသည်။


ထိုကဲ့သို့သော အခြေနေမျိုးမှား အလွန်ဖြစ်ခဲလှသလို ကလေးငယ်နှစ်ဦးစလုံး အသက်ရှင်ဖို့ အခွင့်အလမ်းလည်း နည်းပါကြောင်း ပြောပြသည်။


သို့သော် ကလေးငယ်ကို ခွဲစိတ်ကာ သူ၏ အမြွှာသန္ဓေသားကို အောင်မြင်စွာ ထုတ်ယူခဲ့နိုင်ပြီ:နောက် ကလေးငယ်မှာ စိုးရိမ်စရာ အခြေနေမရှိတော့ကြောင်း သိရှရသည်။

******************************************************

>> ဘေးရန်ကင်းကင်းနဲ့ အမြွှာပူးလိုချင်တဲ့ မေမေတွေ အတွက် <<


 



Follow us on