1. Home
  2. Special or Others

ကလေးငယ်ကို Locker အခန်းထဲ သော့ပိတ်ခဲ့ပြီး ရေကူးကန်မှာ အေးဆေးရေကူးခဲ့တဲ့ မိဘများ ပြစ်တင်ဝေဖန်ခံရ

Special or Others ส.ค. 06, 2560 view 1,566

တရုပ်နိုင်ငံ လူမှုကွန်ယက် Wibo တွင်တက်လာသော ဗီဒီယိုတစ်ခုတွင် တစ်ကိုယ်ကောင်းဆန်သော မိဘနှစ်ပါးက လူမမယ်ကလေးတစ်ဦးကို ရေကူးကန်ရှိ ပစ္စည်းများ ခတ္တသိမ်းထားခဲ့ရာ Locker အခန်းထဲ၌ သောပိတ်ထားခဲ့သဖြင့် လူအများက ဝိုင်းဝန်း ပြစ်တင်ဝေဖန်ခြင်းခံနေရသည်။

ရေကူးရာမှ ပြန်လာသော သားအမိသားအဖ လေးဦးသည် သူတို့၏ Locker ကို ဖွင့်ရာ အခက်တွေ့နေသဖြင့် ဝန်ထမ်းဖြစ်သူအား အကူညီတောင်း၍ ဖွင့်ခိုင်းခဲ့သည်။ Locker တံခါးပွင့်သွားခဲ့ပြီးနောက် စူးစူးဝါးဝါး အော်ငိုသံနှင့်အတူ ကလေးမလေးတစ်ဦး Locker ထဲမှ ထွက်လာသည်ကို အံ့သြထိတ်လန့်စွာ မြင်တွေ့ခဲ့ရသည်။

Locker ထဲတွင် အချိန်မည်မျှကြာအောင် ပိန်လှောင်ခံထားခဲ့ရသည်ကို အတိအကျမသိရှိရသော်လည်း ကလေးငယ်မှာ အော်ငိုနေရုံမှအပ အသက်ရှုမွန်းကြပ်ခြင်း ဝေဒနာခံစားနေရတာမျိုး မတွေ့ခဲ့ရပေ။

အဆိုပါ ဗီဒီယိုကြောင့် သားသမီးကို ဂရုမစိုက်ပဲ မိမိဆန္ဒကိုသာ တစ်ကိုယ်ကောင်းဆန်ဆန် လုပါကိုင်ခဲ့သည့် မိဘများကို ဝိုင်းဝန်း ပြစ်တင်ရှုံ့ချခဲ့ကြသည်။ ယင်းကဲ့သို့ အပြုမူမျိုးသည် ကလေးအသက်ရှုမွန်းကျပ်ကာ အသက်ဆုံးရှုံးနိုင်သော အခြေအနေရှိသည့်အတွက် မိဘများအနေနှင့် သတိပြုရှောင်ကျဉ်သင့်သည်။
 



Follow us on