1. Home
  2. Good Morning Myanmar

ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူရှိလာ

Good Morning Myanmar ส.ค. 07, 2560 view 1,438

ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ရေကြီးမှုတွေကြောင့် ဇူလိုင်လကတည်းကဆိုရင်သေဆုံးသူ အရေအတွက် ၂၃ ဦးအထိရှိလာပြီဖြစ်တယ်လို့ SKY NEWS သတင်းဌာနက သတင်း ဖော်ပြပါတယ်။သေဆုံးသူ ၂၃ ဦးစလုံးဟာ ရေနစ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ထိုင်းနိုင်ငံသဘာဝဘေး အန်္တရာယ်ကာကွယ်ရေးနဲ့လျော့ပါးသက်သာရေးဌာနက သြဂုတ်လ ၂ ရက်မှာ ပြောကြား လိုက်တာပါ။ထိုင်းနိုင်ငံဟာ လက်ရှိမှာ မုတ်သုန်ရာသီရောက်ရှိနေတာဖြစ်ပြီး မိုးသည်းမှုဟာ လာမယ့် သီတင်းပတ်တွေအတွင်း ဆက်ရှိနေဦးမယ်လို့ မိုးလေ၀သခန့်မှန်း ချက်တွေအရ သိရပါတယ်။

ရေကြီးတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာဟာ မိုးသည်းမှုတစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ ထိုင်းနိုင်ငံမိုးလေ၀သဌာနက ပြောပါတယ်။ထိုင်းနိုင်ငံမှာ မုန်တိုင်းဆွန်ကာ တိုက်ခတ် ခဲ့တာကလည်း ရေကြီးမှုအခြေအနေတွေကို ဆိုးရွားစေခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ထိုင်းနိုင်ငံထဲက ခရိုင် ၆၇ ခုမှာ ၄၄ ခုက ရေလွှမ်းထားပါတယ်။နိုင်ငံအရှေ့မြောက်ပိုင်းက ခရိုင်ဆယ်ခုမှာ ရေကြီးမှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ချို့နေရာတွေမှာ ရေအနက် ၂ မိတာ အထိရှိနေတာပါ။

ဘန်ကောက်ကနေ ၆၅၀ ကီလိုမီတာပဲကွာဝေးတဲ့ ဆာခွန်နခွန်ခရိုင်မှာ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပွားနေပါတယ်။ခရိုင်အတွင်းက ပြည်တွင်းသွားလေဆိပ်ကို ၃ ရက်ကြာ ပိတ်ထားခဲ့ရပြီး တနင်္လာနေ့နှောင်းပိုင်းကမှ ပြန်ဖွင့်နိုင်ပါတယ်။ရေကြီးနေတဲ့ ခရိုင်တွေထဲမှာ ရှေးဟောင်းမြို့တော် အယုဒ္ဓယလည်း ပါဝင်နေပါတယ်။ထိုင်းဝန်ကြီးချုပ်ဟာ အဲဒီခရိုင်ကို သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို အစိုးရဘက်ကတတ်နိုင်သမျှ အကူအညီတွေပေးသွား မယ်လို့ ကတိပေးစကားပြောကြားထားပါတယ်။



Follow us on