1. Home
  2. Good Morning Myanmar

SMEလုပ်ငန်းတွေ ချေးငွေရရှိဖို့ ရန်ကုန်တိုင်းအစိုးရဘဏ်တွေနဲ့ ဆွေးနွေး ပေးမည်

Good Morning Myanmar ส.ค. 07, 2560 view 1,397

SME လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းအရင်းအနှီးအတွက် ဘဏ်ချေးငွေအခက်ခဲတွေရှိနေလို့ ချေးငွေရရှိဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကဘဏ်တွေနဲ့ ဆွေးနွေးပေးသွားမယ်လို့သိရပါတယ်။ SME လုပ်ငန်းတွေအောင်မြင်ဖြစ်ထွန်းဖို့ ငွေကြေးလိုအပ်ချက်တွေက SME လုပ်ငန်းရှင် တွေအနေနဲ့ ဘဏ်ချေးငွေကိုသာ အဓိကအားကိုးနေရပြီး လက်ရှိဘဏ်တွေရဲ့စနစ်တွေကြောင့် ငွေချေးမှုတွေမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီအတွက SME လုပ်ငန်းရှင်တွေ လုပ်ငန်းရင်းနှီးချေး ငွေတွေရရှိဖို့ ပြည်တွင်းဘဏ်စနစ်တွေနဲ့ပတ်သက်ပြီး ဘဏ်လုပ်ငန်းရှင်တွေနဲ့ဒီနှစ်အတွင်း ဆွေးနွေးမှု တွေပြုလုပ်သွားမယ်လို့ ၀န်ကြီးချုပ်က ပြောကြားလိုက်တာပါ။ ဒါပြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ SME လုပ်ငန်းစာရင်းပြုစု တာတွေ၊အောင်မြင်အောင်လုပ်ဆောင်နိုင်မယ့် လုပ်ငန်းရွေးထုတ်တာတွေ၊လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။မြို့နယ်အလိုက SME လုပ်ငန်းရှင်အသင်းအဖွဲ့တွေထားရှိပြီး လုပ်ငန်း တွေရဲ့ အခြေအနေတွေကို အသေးစိတ်သိရှိအောင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဇူလိုင်လ ၂၉ ရက်က UMFCCI မှာ ပြုလုပ်တဲ့ SME Forum မှာဝန်ကြီးချုပ်က ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံရဲ့စီပွားရေးစာရင်းအရ ပုဂ္ဂလိကကဏ္ဍထုတ်လုပ်မှုမှာ GDP ရဲ့ ၉၀ရာခိုင်နှုန်း ၊ပုဂ္ဂလိက စီပွားရေးကဏ္ဍမှာ SME ပါဝင်မှုမှာ ၉၀ ရာခိုင်နှုန်း ၀န်းကျင်ရှိတယ်လို့သိရပါတယ်။ ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ စက်မှုလုပ်ငန်းပေါင်း(၄၇၀၀၀)၀န်းကျင်ရှိပြီး SME လုပ်ငန်းတွေပါ ဆိုရင်(၆၀၃၀၀)ကျော်ရှိတယ်လို့လည်း သိရပါတယ်။



Follow us on