1. Home
  2. Special or Others

ဂျင်းဘောင်းဘီ အိတ်ကပ်မှာ ဘာ့ကြောင့်ကော့ပါးကြယ်သီးလေးတွေရှိနေရတာလဲ

Special or Others ส.ค. 07, 2560 view 1,985

ဂျင်းဘောင်းဘီကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ကျော်ခန့်က စက်ရုံအလုပ်သမားများ အတွက် အကြမ်းခံနိုင်သော ဒီဇိုင်းအဖြစ် ချုပ်လုပ် တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ဂျင်းဘောင်းဘီတွင် ခါးပတ်ပေါက်၊ ခါးစည်း၊ ကြယ်သီး၊ အကြွေစေ့ ထည့်သည့်အိတ်၊ အရှေ့နှင့်အနောက် အိတ်ကပ်နှစ်စုံ၊ ချိတ် စတဲ့ အင်္ဂါရပ်များပါဝင်ကာ ယနေ့အထိ ထိုဒီဇိုင်းအတိုင်း မပြောင်းလဲဘဲ ဆက်လက် ချုပ်လုပ်ဝတ်ဆင်လျှက်ရှိကြပါတယ်။
ဒါပေမယ့် ဂျင်းဘောင်းဘီမှာပါတဲ့ ကော့ပါးကြယ်သီးလေးတွေ ဘာကြောင့် အိတ်ကပ်ဘေးများတွင် တပ်ဆင်ထားရသည်ဆိုတဲ့ အချက်ကိုတော့ သိတဲ့သူ မရှိသလောက် နည်းပါးပါတယ်။
 

 

တော်တော်များများကတော့ အမှုမဲ့အမှတ်မဲ့ဖြင့်ကျော်သွားကြပါလိမ့်မည်။ သို့မဟုတ် အလှတပ်ဆင်ထားသည်ဟု ထင်မှတ်ကြပါလိမ့်မည်။ ဒါပေမယ့် ဒီလိုတပ်ဆင်မှုတွေဟာ အနုပညာဆန်သော ရည်ရွယ်ချက်တစ်ခုတည်း အတွက်မဖြစ်နိုင်ပါဘူး။ သူတို့မှာ စိတ်ဝင်စားဖွယ် သမိုင်း သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိခဲ့ပါလိမ့်မည်။


၁၉၄၈ ခုနှစ် ကယ်လီဖိုးနီးယားနိုင်ငံရှိ ရွှေတွင်းတွင် မိုင်းလုပ်သားအများစုဟာ သူတို့၏ မိုင်းတွင်းဝတ်စုံများ ခိုင်ခံ စေဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ အထူးသဖြင့် မိုင်းလုပ်သားတွေဟာ သူတို့ဝတ်စုံ အိတ်ကပ်နေရာတွေ ခဏခဏ ပြဲထွက်လာတာကို ပြင်ဆင်ပေးဖို့ အခြေအတင် ပြောဆိုခဲ့ကြပါတယ်။
 

ရီနိုမြို့မှ အပ်ချုပ်သမားတစ်ဦးဖြစ်တဲ့ ဂျားကောဖ့် ဒေးဗစ် ဟာ ဒီပြသနာကို ဘယ်လိုဖြေရှင်းရမလဲလို့ အဖြေရှာရင်း ကော့ပါးကြယ်သီးတွေကို စမ်းသုံးကြည့်ခဲ့ရာမှာ အလုပ်ဖြစ်ကြောင်း၊ ဘောင်းဘီအိတ်တွေ ပိုခိုင်လာကြောင်း တွေ့ရှိခဲ့တယ်။ နောက်ပိုင်းမှာ သူ့၏ ကော့ပါးကြယ်သီးတပ် ဂျင်းတွေဟာ နာမည်ကြီးလာခဲ့တယ်။


ဒေးဗစ်ဟာ သူ့၏တီထွင်မှုကို တိုးချဲ့ချင်တာကြောင့် သူ့ရဲ့ဖောက်သည်  စတာရက်စ်ကို စာပို့အကူအညီတောင်း ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ ပူးပေါင်းပြီး ကော့ပါးကြယ်သီးတပ် ဂျင်းကို တိုးချဲ့ထုတ်လုပ်လာ ကြတယ်။ ယခုခေတ်မှာဆိုလျှင် သူတို့နှစ်ယောက်၏ ကျေးဇူးကြောင့် ဂျင်းဘောင်းဘီတွေဟာ ပိုမိုခိုင်ခံ့လာပါ တယ်။
 



Follow us on