1. Home
  2. Special or Others

သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပလတ်စတစ်စေ့လေးတွေပါတဲ့ အလှကုန်ပစ္စည်းတွေအားလုံး ထိုင်ဝမ် တားမြစ်မည်

Special or Others ส.ค. 08, 2560 view 1,433

သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပလတ်စတစ်စေ့သေးသေးလေးတွေ ပါဝင်နေတဲ့ အလှကုန်ပစ္စည်းတွေ အားလုံးကို ထိုင်ဝမ်မှာ နောက်နှစ် ဇူလိုင်လကစပြီး တားမြစ်သွားတော့မယ်လို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့က ကြာသပတေးနေ့က ပြောပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန် အ ပါအဝင် နိုင်ငံရပ်ခြားက အလားတူ ဆောင်ရွက်ချက်တွေအတိုင်း လိုက်လုပ်ခဲ့တဲ့ သည်တားမြစ်ချက်ဟာ ခေါင်းလျှော်ရည်၊ အလှကုန်၊ မျက်နှာဆေးပစ္စည်းတွေ၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ချိုင်းလိမ်းဆီနဲ့ သွားတိုက်ဆေးအပါအဝင် ထုတ်ကုန်တွေ အားလုံးကို သတ်မှတ်သွားမှာပါ။

သည်ပလတ်စတစ်စေ့လေးတွေပါတဲ့ ကုန်စည်တွေ ထုတ်လုပ်တာ ဒါမှမဟုတ် တင်သွင်းတာမျိုးတွေရှိပါက ဒဏ်ကြေး ထိုင်ဝမ်ဒေါ်လာ ၆၀,ဝ၀ဝ ကနေ သုံး သိန်းအထိ၊ သည်တားမြစ်ထုတ်ကုန်တွေ လက်လီရောင်းချသူတွေကတော့ ထိုင်ဝမ် ဒေါ်လာ ၁၂၀ဝ ကနေ ၆၀ဝ၀ အထိ ပေး ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သည်ပလတ်စတစ်စေ့လေးတွေဟာ ရေနေသတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုပြီး သိပံပညာရှင်တွေက သတိပေးထားတာ နှစ်ပေါင်းအတော်ကြာပါပြီ။ သန့်စင်မှုအား ပိုကောင်းဖို့ အထည်ကြမ်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ သည်လိုအစေ့အများစုဟာ ဆွေးမြည့်ပျက်စီးတာမျိုးမရှိဘဲ ရေနေသတ္တဝါတွေအနေနဲ့ သူတို့အစာအဖြစ် အလွယ်တကူမှားယွင်းစားသောက်နိုင်ပါတယ်။

Credit : kumudranews

(ချိုလေးငယ်)



Follow us on