1. Home
  2. Special or Others

လူ့အရိုးခေါင်းများဖြင့်တည်ဆောက်ထားသည့် ထူးဆန်းသောဘုရားကျောင်း

Special or Others ส.ค. 09, 2560 view 1,591

မက်စီကိုမှ ရှေးဟောင်းသုတေသနပညာရှင် တစ်သိုက်ဟာ အက်ဇ်တက်လူမျိုးတို့၏ ရှေးဟောင်းအမွေအနှစ်ဖြစ် တဲ့ လူ့အရိုးခေါင်းများဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း တစ်ကျောင်းကိုတွေ့ရှိခဲ့ပါတယ်။ ဒီဘုရားကျောင်းမှာဆိုရင် ယောကျာ်းစစ်သည်တော်များသာမက အမျိုးသမီးများနှင့် ကလေးငယ်တို့၏ ဦးခေါင်းရိုးများဖြင့်ပါ တည်ဆောက်ခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

နှစ်ပေါင်းများစွာ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးကို စပိန်နယ်ချဲ့သမိုင်း ကြောင်းမှတ်တမ်းမှတဆင့် ရှာတွေခဲ့တာ တစ်နှစ်ခွဲကျော် ရှိနေခဲ့ပါပြီ။ ဒီဘုရားကျောင်းဟာ စပိန် လူမျိုးတို့၏ ဒဏ္ဍာရီအဆောက်အဦး ဟူရေး တီဇွမ်ပန်တလီ ဘုရားကျောင်းနှင့် ဆက်စပ်နေလိမ့်မည်ဟု ယုံကြည် ခဲ့ကြပါတယ်။

ရှေးဟောင်းသုတေသနပညာရှင် ရော်ဘာရီရာ ကတော့ ဒီဘုရားကျောင်းဟာ လူ့အရိုးခေါင်း မြောက်မြားစွာဖြင့် တည်ဆောက်ထားကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဇီဝဗေဒဆိုင်ရာ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်သူ ရိုဒရီဂို ဘိုလန်နို မှလည်း ဒီဘုရားကျောင်းဟာ သမိုင်းမှာ မှတ်တမ်းမတင်ထားတဲ့ အရာတွေကို ဖော်ထုတ် ပေးနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဘုရားကျောင်းဟာ အက်ဇ်တက်လူမျိုးတို့၏ မြို့ဟောင်းအနီးမှာရှိတဲ့  မေယာဘုရား ကျောင်းအနီးတွင် တည်ရှိပြီး နောက်ပိုင်းမှာတော့ မက်စီကိုမြို့ဘက်သို့ထပ်မံ တိုးချဲ့သွားကြောင်း ရှာတွေ့ခဲ့ကြပါတယ်။

အက်ဇ် တက်လူမျိုးများရဲ့ ယဉ်ကျေးမှုဟာ ၁၃၀၀-၁၅၂၁ ၀န်းကျင်လောက်က ပေါ်ထွန်းခဲ့တဲ့ မီဆိုရာမေရီကန်လူမျိုး တွေရဲ့ယဉ်ကျေးမှုမှ ဆင်းသက်လာပြီး သူတို့ရဲ့ လူမဆန်တဲ့ လူသားစတေးမှုတွေကြောင့် သမိုင်းမှာနာမည် ကြီးခဲ့ပါတယ်။

သူတို့ဟာ လူသားတွေကို စတေးခြင်းဖြင့် ဘုရားသခင်ထံမှ ကောက်ပဲသီးနှံ အထွက်နှုန်းတိုးဖို့နှင့် ရာသီဥတု ကောင်းမွန်ဖို့အတွက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မေယာဘုရားကျောင်းဟာ အက်ဇ် တက်လူမျိုးများရဲ့ အဓိကဘာသာရေး အဆောက်အဦးတွေထဲမှ တစ်ခုဖြစ်ခဲ့တယ်လို့ သုတေတန ပညာရှင်တွေကလဲ ပြောဆိုခဲ့ကြပါတယ်။



Follow us on