1. Home
  2. Good Morning Myanmar

တောင်တရုတ်ပင်လယ်ကျင့်ဝတ်မူကြမ်းကို တရုတ်နှင့်အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အတည်ပြု

Good Morning Myanmar ส.ค. 09, 2560 view 1,410

တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ဝတ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့တရုတ်နိုင်ငံတို့ကြားမှာ ဥပဒေကြောင်းအရ တရားဝင်တာဝန်ခံစေမှုရှိ၊မရှိဆိုတာ သတ်မှတ်ဖော်ပြထားခြင်းမရှိဘဲ ပူးတွဲ ကြေညာချက်တစ်ခုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်လိုက်ပါတယ်။ဖီလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာပြုလုပ်တဲ့ အစည်းအဝေးပွဲအတွင်း အာဆီယံနဲ့တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေဟာ တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ဝတ်မူကြမ်းကို အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ပြင် ပင်လယ်ရေကြောင်းဆိုင်ရာပဋိပက်္ခမဖြစ်ပွားအောင်ရည်ရွယ်ပြီး မူကြမ်းမှာ ပါဝင်တဲ့ပြဌာန်းချက်တွေကို ညှိနှိုင်းဆွေးနွေးတာတွေ ပြုလုပ်သွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး တွေက သဘောတူညီခဲ့ကြပါတယ်။

ပထမတစ်ရက်မှာပြုလုပ်တဲ့အစည်းအဝေးမှာတော့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးတွေဟာ ဗီယက်နမ်နဲ့ကမော်္ဘဒီးယားနိုင်ငံတို့ကြားက အမြင်မတူတာတွေကို ညှိနှိုင်းဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။အခုကျင့်ဝတ်ဟာ ဥပဒေကြောင်းအရ တာဝန်ခံမှုရှိစေရမယ်ဆိုပြီး ပူးတွဲ ကြေညာချက်မှာ ရှင်းရှင်းလင်းလင်းဖော်ပြဖို့ ဗီယက်နမ်နိုင်ငံဘက်က တိုက်တွန်းခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ပဋိပက်္ခဖြစ်ပွားနေတာပါ။

ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို ဦးစားပေးတဲ့ ကမော်္ဘ ဒီးယားနိုင်ငံကတော့ ဗီယက်နမ်နိုင်ငံရဲ့ရပ်တည်ချက်ကိုပယ်ချခဲ့ပါတယ်။တနင်္ဂနွေနေ့ ညနေပိုင်းမှာ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ဥပဒေကြောင်းအရ တာဝန်ခံမှုရှိစေရမယ်ဆိုတဲ့ စကားလုံးအစား ထိရောက်မှုရှိရေးဆိုတဲ့ စကားလုံးကိုပဲ သုံးနှုန်းထားတာတွေ့ရပါတယ်။



Follow us on