ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သြဂုတ်လ(၇) ရက်နေ့က ပန်းပေါင်း(၈၄၀၀၀) ပန်းစေတီလှည့်လည် ကပ်လှူပူဇော်မှုများပြုလုပ်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးက ၀ါခေါင်လပြည့်နေ့မေတ္တာအခါတော်နေ့ နံနက်အစောပိုင်းမှာ ဆွမ်းတော်ကြီးကပ်လှူပူဇော်မှုများနဲ့သစ်သီးမျိုးစုံကို လည်း ကပ်လှူ ပူဇော်ခဲ့ကြပါတယ်။ဝါခေါင်လပြည့်နေ့ မေတ်္တာအခါတော်နေ့ နံနက်(၆)နာရီခွဲမှာ သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေဦးဆောင်ပြီး ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်းရှေ့မှ လက်ယာရစ် လှည့်လည်ကာ အာရုံခံမုခ်ဦး(၄)ဖက်ရှိဘုရားတွေနဲ့အထက်ပစ်္စယံရှိ ပတ်္တမြားမျက်ရှင်ဘုရားမှာပါ ပန်းပေါင်း(၈၄၀၀၀) ပန်းစေတီပြုလုပ်ပြီး လှည့်လည်ပူဇော်ခဲ့ကြပါတယ်။
ပန်းပေါင်း(၈၄၀၀၀)ပန်းစေတီပြုလုပ်ကပ်လှူရာမှာ ဂေါပကအဖွဲ့ဝင်တွေအပြင် ဘာသာရေးအသင်း(၈၂)သင်းနဲ့ အခြားအဖွဲ့အစည်းတွေကလည်း ပန်းစေတီကိုပုံစံအမျိုးမျိုးပြုလုပ်ပြီး ကပ်လှူပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။ ၀ါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့မှာ ပန်းပေါင်း(၈၄၀၀၀) ပန်းစေတီ လှည့်လည်ကပ်လှူပွဲအပြီးမှာတော့ ရှေးဟောင်းဗုဒ်္ဓရုပ်ပွားတော်များတန်ဆောင်းမှာ ၀ါတွင်းသီလခံယူမှု တွေပါ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်