လူမှုကွန်ယက်ပေါ်မှာ ပျဲ့နှံ့ခဲ့တဲ့ အေးသောင်းရဲ့ ပုံတွေ ခွင့်ြ့ပုချက်မရပဲ ယူသုံးရင် ဥပဒေနဲ့ အညီ အရေးယူသွားမည် ဆိုတဲ့ ကြောက်ငြာချက်အပေါ် ပရိတ်သတ်တွေ ကြားမှာ ဝေဖန်မှုများစွာ ရှိခဲ့ ပါတယ် ။ ထိုဝေဖန်မှုတွေ ကို လဲ အေးသောင်း က ပြန်လည်ပြောကြားလိုက်ပါတယ် ။
“ကိုယ့်ပုံလေးတွေ သုံးတာ ရှဲတာ မကြိုက်ပဲနေပါ့မလားလို့။ အခါ တစ်သန်းလောက်တောင် ရှဲစေချင်တာလေ။ အေးသောင်းပုံလေးနဲ့ ကဗျာလေးတွေရေးစာလေးတွေရေး ဘယ်လောက် ကျေနပ်စရာကောင်းလိုက်လဲ။ ဒါကြောင့်မို့လို့ပဲ အေးသောင်းဆိုပြီးဖြစ်လာတာလေ။ အဲ့လို့သူက ကိုယ့်ပုံတွေကို မ share ဖို့ပြောပါ့မလားလို့ ။ ကိုယ်လဲ အဲ့လောက်တော့ မတုံးသေးပါဘူး ခိခိ။ ရှဲပါ ရှဲပါ ရှဲလေ ကြိုက်လေပါပဲ
Online shop ????? ဘယ် online shop မဆို ခွင့်တောင်းရင် အမြဲ ခွင့်ပြုခဲ့တာ ချည်းပဲ။ တခါမ မငြင်းမိ။ ကိုယ့်ပုံ ပါစေချင်တာလေ
ပါချင်စိန်ပါ။ online shop လေးတွေလဲ သိကြမှာပါ နော့်။ တခါမှလဲ အပြစ်မမြင်ခဲ့ပါဘူး။ ကိုယ်လဲ ဈေးရောင်းနေသူပဲလေ ဟဲ ဟဲ သိတာပေါ့။
ခက်တာကတချို့ညစ်ညစ်ပါတ်ပါတ်onlineshop တွေပေါ့။ သူတို့တွေကိုယ့်ပုံကိုဖိုတိုတွေရှော့ကြပြီး ကြော်ငြာကြတာ။ ဆေ့ထားတာတောင် ပြန်မရှဲ ရဲပု။ ရှက်လို့။ တချို့တွေလဲ မြင်ဖူးကြမှာပေါ့။ အဲ့တော့ နားလည်မှုလေးတွေ မလွဲစေချင်။
ချစ်ခြင်းကို မခွဲကြပါနဲ့။ ရှဲ ရှဲပါလို့ (တရုတ်လိုပြောခြင်း မဟုတ်ပါရှဲ သာ ရှဲပါလို့” ဆိုပြီး သူမ ရဲ့ အကောင့်မှာ ပြန်လည် ရေးသားခဲ့ ပါတယ်။