1. Home
  2. Myanmar News

မြန်မာကျောင်းသူတစ်ဦး တိုကျိုမြို့လယ်ကောင်တွင် ဓားထိုးခံရ (ရုပ်သံ)

Myanmar News ส.ค. 10, 2560 view 1,550

အသက် ၂၆ နှစ်အရွယ် မြန်မာကျောင်းသူတဦးကို အသက် ၂၈ နှစ်အရွယ် ရည်းစားဟောင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ အိုတဲမချီ (Otemachi) မှာ သြဂုတ်လ (၇) ရက် နံနက် ၇ နာရီအချိန်ခန့်မှာ ချွန်ထက်တဲ့အရာနဲ့ နောက်ကျောကနေ ၃ ချက် အထိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၄ လပိုင်းမှာ လမ်းခွဲခဲ့ကြတဲ့ ချစ်သူဟောင်းက နောက်ပိုင်းတွင် ဆက်လက်နှောင့်ယှက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ က တိုကျိုရဲစခန်းမှာ ဆွေးနွေးခဲ့ကာ သက်ဆိုင်ရာက သံသယရှိသူကို ခေါ်ယူသတိပေး ထားခဲ့ကြောင်း တိုကျိုရဲဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဓားထိုးခံရသူ ကျောင်းသူမှာ အသက်မသေပဲ ပြန်လည်သတိရလာပြီး ဆေးရုံသို့တင်ပို့ခဲ့ရပါတယ်။


သံသယဖြစ်သူ မောင်ငြိမ်းချမ်းအောင်ဟာ အခင်းဖြစ်ပွားရာ နေရာမှာ ဖမ်းဆီးခံခဲ့ပြီး ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့တာကြောင့် လူသတ်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့လည်း ဆိုပါတယ်။
အခင်းဖြစ်ပွားရာ အနီးရှိနေသူ အသက် ၆၀ အရွယ် ဂျပန်အမျိုးသားက “အထိုးခံရသူ မြန်မာကျောင်းသူရဲ့ အသိအကျွမ်း အမျိုးသားက ထိုးတာပါ။ ဒီလို ဖြစ်လိမ့်မယ် မထင်ထားမိဘူး” လို့ ပြောပါတယ်။

အဆိုပါနေရာမှာ တိုကျိုဘူတာနဲ့ မီတာ ၆၀၀ သာ ကွာဝေးပြီး အဆိုပါကျောင်းသူ အခင်းဖြစ်ပွားရာ နေရာအနီးမှာ မနက်ပိုင်း သန့်ရှင်းရေးအလုပ် လုပ်ဖို့ သွားချိန်မှာ ကြိုတင်စောင့်ဆိုင်းက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဒေသမှာ အစိုးရရုံးများစိုက်ရာ နေရာ ဖြစ်သဖြင့် သက်ဆိုင်ရာ လုံခြုံးရေးကားများ ချက်ချင်း ရောက်ရှိပိတ်ဆို့ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ၂၀၁၆ ခုနှစ်အတွင်း လာရောက် ပညာသင်ကြားနေသူ မြန်မာနိုင်ငံသား ၄ ထောင်နီးပါး ရှိတယ်လို့ တိုကျို လ.ဝ.က က ထုတ်ပြန်ခဲ့ပါတယ်။

သတင်းရင်းမြစ်−DVB
 



Follow us on