1. Home
  2. Health Fix

မီဆိုဖိုနီးယား(သို့) ဦးနှောက်မူ မမှန်သော ရောဂါအကြောင်း သိကောင်းစရာ

Health Fix ส.ค. 10, 2560 view 1,674

ကျွန်တော်တို့ အားလုံးမှာ စိုးရိမ်ပူပန်မှုတွေ ကိုယ်စီရှိကြပါတယ်။ ဒီအရာတွေဟာ သဘောထားမတိုက်ဆိုင်မှုနှင့် အတိတ်ဟောင်းတွေကြောင့်သာမက တစ်ခါတစ်ရံမှာ နေ့စဉ်ကြားနေကျအသံတွေတောင် ပါဝင်နေပါတယ်။ အကယ်၍ သင်ဟာ နေ့စဉ်ကြားနေကျအသံတွေကို သာမန်ထက် ကျယ်လောင်စွာကြားနေရပြီဆိုရင် သင်မှာ့ မီဆိုဖိုးနီးယားလို့ခေါ်တဲ့ ဦးနှောက်မူမမှန်တဲ့ရောဂါ ရှိနေနိုင်ပါပြီ။

မီဆိုဖိုးနီးယားကို ဆေးဘက်ဆိုင်ရာသုတေသနအရ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာအဖြစ် ၂၀၀၁ ခုနှစ်က စတင် သတ်မှတ်ခဲ့ပြီး အသေးစိတ်ကိုတော့ “မီဆိုဖိုးနီးယား ရောဂါလက္ခဏာများ” အမည်ဖြင့် နယူးကတ်စတယ် တက္ကသိုလ်မှာ စာတမ်းပြုစုခဲ့ကာ လက်ရှိ ကျန်းမာရေးဂျာနယ်တွေမှာ ရေးသားထုတ်ဝေခဲ့ပါတယ်။


ဒီရောဂါဝေဒနာခံစားနေရသူတွေဟာ ကြားနေရတဲ့ ဆူညံသံတွေကြောင့် ဦးနှောက်နှင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးဂျာနယ်မှာ ရေးသားထားခဲ့ပါတယ်။ မီဆိုဖိုးနီးယား ရောဂါလက္ခဏာကတော့ နေ့စဉ်ကြားနေကျဖြစ်တဲ့ လူတွေရဲ့ အစားစားသံ၊ ရေသောက်သံ၊ အစာကြိတ်ချေသံ၊ ပီကေဝါးသံနှင့် ရံဖန်ရံခါ အသက်ရှူသံတွေကြောင့် ဒေါသ သို့မဟုတ် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ ဘောပင်ခလုတ်ကို တဆက်ဆက်နှိပ်ခြင်းမှလည်း ရောဂါဝေဒနာ ဆိုးဝါးစေတဲ့ အသံကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်။
 

 

မီဆိုဖိုးနီးယား ရောဂါလက္ခဏာခံစားနေရတဲ့သူတွေဟာ အထက်ပါဆူညံသံကို ကြားရတဲ့အခါမှာ ပြင်းပြင်း ထန်ထန်စိတ် လှုပ်ရှားမှုကို ဖြစ်စေပြီး ဆူညံသံကို ပိုပြီးခံစားလာရစေပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ သူတို့၏ နှလုံးခုန်နှုန်းကို မြင့်မားလာစေပြီး ပြင်ပရောဂါလက္ခဏာဖြစ်တဲ့ အလွန်အမင်းချွေးထွက်ခြင်းကို ဖြစ်စေနိုင်ပါ တယ်။ ဒီရောဂါဟာ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုအဖြစ် နယူးကတ်စတယ် တက္ကသိုလ်မှ အာရုံကြောဆိုင်ရာ ပါမောက္ခ တင်မ်ဂရစ်ဖစ်သ် မှ သတိပေး ပြောဆိုခဲ့ပါတယ်။
 
ပိုပိုလေး

 



Follow us on