1. Home
  2. Myanmar News

သမီးအရွယ် ကျောင်းသူလေး (၄)ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ကျူရှင်ဆရာ ဖမ်းဆီးခံရ

Myanmar News ส.ค. 13, 2560 view 1,848

အသက်(၅၁)နှစ်အရွယ် ကျူရှင်ဆရာတစ်ဦးမှ သမီးအရွယ် တပည့်ကျောင်းသူ (၄)ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးနောက် အဓ္ဓမပြုကျင့်ရန် ကြံစည်အားထုတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း မြဝတီမြို့မရဲစခန်းမှ သတင်းရရှိသည်။


သြဂုတ်လ (၁၁)ရက်နေ့တွင် ဖလူးကျေးရွာအုပ်စု ၊ မင်းလက်ပံကျေးရွာတွင် ကျုရှင်သင်သော ဆရာတစ်ဦးမှ ၁၁ နှစ် နှင့် ၁၃ နှစ်အရွယ် တပည့် ကျောင်းသူ လေးများအား ၎င်း၏ ဇနီးသည်မရှိခိုက်၊ နေအိမ် အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်၍ ရင်သားများ နှင့် မိန်းမအင်္ဂါစပ်တို့အား လက်ဖြင့် ကိုင်တွယ်ပွတ်သပ်၍ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်ကြောင်း ကျောင်းသားမိဘများမှ မြဝတီမြို့မရဲ စခန်းသို့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။


ယင်းကဲ့သို့ လာရောက်တိုင်တန်းသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/၅၁၁ ဖြင့် ကျူရှင်ဆရာဖြစ်သော ဌေးဝင်း ၅၁ နှစ် အား အမှု (၄)မှု အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး ၎င်းအား မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ၊ ဖလူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောထိန်လင်း နှင့် အဖွဲ့ တို့မှ မင်းလက်ပံကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး မြဝတီမြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိပါသည်။


သတင်းရင်းမြစ်−Police Myawaddy
 



Follow us on