ကလေးမြို့လိုင်သာယာရပ်ကွက် နယ်မြေ ၂(ကိုးမိုင်)တွင် ထူးခြားဖြစ်စဉ် ဖြစ်ပွားနေပါသည်။
“ခိုင်ထက်နေ” အမျိုးသားသီးသန့်ဆောင် အပါအဝင် အနီးရှိ အိမ်များအား ခဲဖြင့်နေ့စဉ်ရက်ဆက် ပေါက်ခံရမူများ ဖြစ်ပွားနေပြီး ရဲနှင့်ဒေသခံပြည်သူများ ပူးပေါင်းရှာဖွေ ဖမ်းဆီးသော်လည်း မတွေ့ရှိရသည့်အပြင် ပိုမိုဆိုးရွားသည် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့မှုကြောင့် အောက်လမ်း၊ အထက်လမ်းဆရာများ ပင့်ဖိတ်ထားရကြောင်း သတင်းရရှိသည်။
ပေါက်ခံရသည်မှာ သြဂုတ် ၁၂ ရက်နေ့ညထိဆိုလျှင် ၁၁ရက် ညမြောက်ရှိပါပြီ။ ပထမ ငါးရက်လောက်ထိ လူကထုတယ်လို့ထင်နေကြသည်။ ခဲဖြင့်ပေါက်ခံရသူတို့သည် မြောက်ဖက်က ခဲသံကြား၍ လိုက်လျှင် တောင်ဖက်က ထုသွားပါသည်။ ဆယ်ရက်ဆက်တိုက် ထုခံနေရပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ အပါအဝင် ခံရသူ ရပ်ကွက်သူ/သား များ၊အဆောင်နေ ကျောင်းသာများ ဝိုင်းဖမ်းသော်လည်း မမိနိုင်ပေ။
လိုက်လံရှာဖွေသည့်ချိန်တွင်လည်း ထုနေပါသည်။ မနေ့က ပို၍ဆိုးလေသည်။ အိမ်တစ်အိမ်တွင် လူဆယ်ရောက်လောက် စကားပြောနေစဉ် အလယ်တည့်တည့် ခဲတစ်လုံးကျလာကြောင်း သိရှိရပါသည်။
ဆိုက်တွဲ တစ်စီးကို ဝိုင်းဝန်းရွှေ့ရာ မရွေ့နိုင်သဖြင့် လူတစ်ယောက်က စိတ်တို၍ အော်ငေါက်လိုက်ရာ ဆိုက်တွဲမှာ သူ့အလိုလို ရွေ့သွားပါသည်။ ရဲတပ်ဖွဲ့ အပါအဝင် လူအယောက်တစ်ရာကျော် လောက် လမ်းကြားများပင်မကျန် ခြံဝင်းများပါ ဝိုင်းထားသည့်ကြားထဲမှ ခဲနဲ့ထုခံရပြန်သည်။
လူဆိုရင်တော့ မိလောက်တာကြာပြီဖြစ်ပါတယ်။
ဒေသခံများသည် နာနာဘာဝ လေလားဟု ထင်မှတ်နေကြပါသည်။ မည်သူမျှ ခဲတစ်လုံးထဲဖြင့် သွပ်ပြားပေါက်ထွက်အောင် မထုနိုင်ပေ။ လွန်ခဲ့သည့် ငါးရက်ခန့်တွင် လူတစ်ယောက်သည် လမ်းပေါ်၌ အရပ်ဆယ်ပေလောက်ရှိသော လူတစ်ယောက်ကို မြင်လိုက်လေသည်ဟု သိရှိရပါသည်။ လိုက်လံ ကြည့်ရာ မနီးမဝေးတွင် ပျောက်ကွယ်သွားပါကြောင်း သိရှိရပါသည်။
ပေါက်ခံရသော ခဲလုံးကို အမှတ်အသားပြုလုပ်၍ အပြင်ဖက်သို့ လွှင့်ပစ်လိုက်လျှင် ခဏအကြာတွင် ယင်းအမှတ်အသားပြုလုပ်ထားသော ခဲဖြင့်ပြန်ထုပါသည်။ လူတွေ ကိုတော့ ထိမှန်ခြင်းမရှိပဲ အိမ်များကိုသာ ပစ်ပေါက်ထိမှန်ပါသည်။ မနေ့ညက ၁၁ ရက်မြောက်ညဖြစ်ပါသည်။ ဒေသခံများသည် နာနာဘာဝလေပင်လားဟု ထင်မှတ်နေကြပါသည်။ ယနေ့ည တွင် အောက်လမ်းဆရာများ၊ အထက်လမ်းဆရာများ ကြွရောက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။ ခြံဝင်းများ အပင်များလည်း ရှင်းထား ခုတ်ထားပြီးဖြစ်ပါသည်။
သတင်းရင်းမြစ်−Kan Kaw Media