1. Home
  2. Special or Others

အိမ်မှာလုပ်ဖို့အချိန်မရလို့ ရထားပေါ်မှာ ကြက်သွန်ထိုင်ခွာတဲ့ အမျိုးသမီးကြီး

Special or Others ส.ค. 14, 2560 view 1,464

တရုပ်နိုင်ငံရဲ့ မြေအောက်ရထားတစ်စင်းပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ကြင်သွန်ဖြူများ တစ်ထုတ်လုပ်လုံးကို ရထားစီးရင်းထိုင်ခွာလာပြီး ရထားကြမ်းပြင်ပေါ် အခွံတွေ ပစ်ချခဲ့တာကြောင့် ရထားတွဲပေါ်မှာကြက်သွန်ဖြူခွံတွေက မြင်မကောင်းအောင် ပျံ့ကျဲဖြူဖွေးသွားပါတယ်။

တစ်ကယ်တော့ အများသူငါအသုံးပြုတဲ့ ရထားတွဲ၊ ဘတ်စ်ကားများပေါ်မှာ အမှိုက်ပစ်ချခွင့်မရှိပါဘူး။ စင်ကာပူနိုင်ငံက ရထားတွေ ဘတ်စ်ကားတွေပေါ်မှာဆိုရင် အစားစားခွင့်မရှိသလို၊ ရေသောက်ခွင့်တောင် မရှိပါဘူး။ တွေ့ရှိတာနဲ့ ချက်ခြင်း ဒဏ်ငွေဆောင်ခိုင်းတတ်ပါတယ်။

အမျိုးသမီးကြီးကို ဘာလို့ ဒီလိုလုပ်ရတာလဲလို့ ခရီးသည်တွေက မေးတဲ့အခါ အိမ်မှာလုပ်ဖို့ အချိန်မရှိလို့ လို့ရိုးရှင်းစွာ ပြန်ဖြေခဲ့ပါတယ်။ သူ့အနီးနားမှာ ထိုင်နေတဲ့ လူငယ်က မနေနိုင်ပဲ ပလတ်စတစ်အိတ်ထဲ အမှိုက်တွေ လိုက်ကောက်ထည့်တော့မှ အမျိုးသမီးကြီးကလည်း ဝိုင်းဝန်းကူရှင်ပေးနေတာကို ဗီဒီယို တွေ့ရပါတယ်။
 



Follow us on