1. Home
  2. Myanmar News

ကမ္ဘာပတ်ငြိမ်းချမ်းရေးသင်္ဘောကြီး ယခုလအတွင်း သီလဝါတွင် ဆိုက်ကပ်မည်

Myanmar News ส.ค. 14, 2560 view 1,455

“Peace Boat” ဟု အမည်ပေးထားသော ကမ္ဘာပန်ငြိမ်းချမ်းရေး သင်္ဘောကြီးသည် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၆ နာရီတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရှိရသည်။

လူ ၁,၀၀၀ ပါရှိမည့် ငြိမ်းချမ်းရေးသင်္ဘောကြီးသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပက်သက်သော ကမ်ပိန်းများ၊ တွေ့ဆုံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်တိုးလွင်က ပြောဆိုသည်။

အဆိုပါသင်္ဘောကြီးတွင် ဂျပန်နိုင်ငံမှ လူဦးရေ ၇၀၀ ခန့်နှင့် အခြားသောနိုင်ငံပေါင်းေ၆ နိုင်ငံမှ လူဦးရေ ၃၀၀ ခန့်ပါဝင်မည်ဖြစ်ကာ ရန်ကုန်မှတစ်ဆင့် မန္တလေး၊ ပုဂံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ သင်္ဘောကြီးသည် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှ ထွက်ရှိလာခဲ့ပြီးနောက် ဖိလစ်ပိုင်၊ တရုပ်၊ စင်ကာပူမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယ၊ ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကာ ရက်ပေါင်း ၁၀၈ ရက်ကြာမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်လာမည့် ငြိမ်းချမ်းရေးသင်္ဘော “Peace Boat” ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် ဝန်ကြီးဌါနများကလည်း ကြိုဆိုကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်−စံတော်ချိန်



Follow us on