1. Home
  2. Special or Others

ကားလမ်းပိတ်လို့ အလုပ်ကို နေ့စဉ်ရေကူးပြီးသွားသူ (ရုပ်သံ)

Special or Others ส.ค. 14, 2560 view 1,382

နေ့စဉ်ကားနဲ့ ရုံးတက်ရသူတွေအတွက် ကားလမ်းပိတ်တဲ့ဒုက္ခဟာ အင်မတန်ကြီးပါးတယ်။ ကျပ်ညပ်နေတဲ့ ဘတ်စ်ကားပေါ်မှာ နာရီနဲ့ချီပြီး ပိတ်မိနေတဲ့အချိန် ရုံးချိန်မိပါ့မလားဆိုတဲ့ စိုးရိမ်သောကာဟာလည်း အတော်ကြီးကိုစိုးပါတယ်။

ဒါကြောင့်အချို့လူတွေက စက်ဘီးကို အသုံးပြုပြီးရုံးတက်ကြပေမယ် ကားလမ်းကို အသုံးပြုရတာမို့ အန္တရာယ်လဲများသလို အချိန်လဲစားပါတယ်။ ဂျာမဏီနိုင်ငံ မြူးနစ်ခ်ျမြို့က ဘန်ဂျမင် ဒေးဗစ်ဆိုသူကတော့ ရုံးကို နေ့စဉ်ရေကူးပြီး သွားပါတယ်။

ယခင်က သူအလုပ်သွားတဲ့အခါ ဘတ်စ်ကား၊ စက်ဘီးတို့ကို သုံးခဲ့ပေမယ့် အခုရေကူးပြီး သွားတာက ၁၂ မိနစ်ပဲ ကြာတယ်လို့ဆိုပါတယ်။ သူ့ရဲ့ အလုပ်အဝတ်အစား၊ ကွန်ပျူတာတို့ကို ရေစိုခံအိတ်တစ်လုံးထဲထည့်ပြီး ကျောပိုးကာ အိုင်ဆာမြစ်ထဲကနေ အလုပ်သွားပါတယ်။

“အရင်က ဘတ်စ်ကား၊ စက်ဘီး၊ ခြေကျင် နည်းမျိုးစုံနဲ့ သွားခဲ့ပြီးပါပြီ၊ အခုနည်းကတော့ အမြန်ဆုံးပဲ၊ ၁၂ မိနစ်ပဲကြာတယ်။ ရေစီးကလည်း သန်တော့ မြန်မြန်ရောက်သလို လူလဲ လန်းလန်းဆန်းဆန်းဖြစ်တယ်” လို့ သူက ဆိုပါတယ်။

များသောအားဖြင့် နွေဦးရာသီတွေမှာ ဒီနည်းနဲ့ အလုပ်သွားတာများပြီး ဆောင်းရာသီဆိုရင်လဲ သွားလို့ရပေမယ့် အနည်းငယ်တော့ စိုစွတ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 



Follow us on