1. Home
  2. Special or Others

တရုပ်ပြည်မှာကျိတ်ပြီး စမ်းသပ်နေတဲ့ Facebook App အသစ်

Special or Others ส.ค. 14, 2560 view 1,420

ဖေ့စ်ဘွခ်ရဲ့ စီအီးအို မတ်ခ်ဇူကာဘတ် က တရုပ်နိုင်ငံမှာ သူ့ရဲ့လူမှုကွန်ယက် ဖေ့စ်ဘွခ်ပြန်လည် ရှင်သန်လာဖို့ အပလီကေးရှင်းတစ်ခုကို မေလတွင်းက စတင်ပြီး လျို့ဝှက်စွာ ထုတ်လုပ်စမ်းသပ်ခဲ့ပါတယ်။

အပလီကေးရှင်းရဲ့ အမည်ကို “Colorful Ballons” လို့ ပေးထားပြီး ဖေ့စ်ဘွခ်ရဲ့ App တစ်ခုဖြစ်တဲ့ “Moments” နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီအပလီကေးရှင်းကတစ်ဆင့် မိသားစု၊ မိတ်ဆွေအပေါင်းသင်းများအကြား ဓါတ်ပုံတွေ အပြန်လှန်တင်ထား ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ “Colorful Ballons” App ကို တရုပ်နိုင်ငံရဲ့ ပြည်တွင်းနည်းပညာကုမ္ပဏီဖြစ်တဲ့ Youge Internet Technology ကနေတဆင့် တရုပ်နိုင်ငံမှာသုံးဖို့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဆိုပါ အပလကေးရှင်းဟာ တရုပ်တွေအများဆုံးသုံးတဲ့ WeChat နဲ့လဲ တွဲဖက်သုံးနိုင်ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာ တရုပ်နိုင်ငံတွင် Facebook သုံးစွဲခွင့်ကို အစိုးရက ပိတ်ပင်လိုက်ပြီ:နောက် ဇူလိုင်လထဲမှာ WhatsApp အပလီကေးရှင်းကိုပါ ထပ်မံပြီး ပိတ်ပင်ခဲ့ပါတယ်။ တရုပ်နိုင်ငံမှာ အင်တာနက်သုံးဆွဲသူ သန်း ၇၀၀ လောက်ရှိတာကြောင့် မတ်ခ်ဇူကာဘတ်က သူ့ရဲ့ Facebook ပြန်လည်သုံးစွဲခွင့်ရရေးအတွက် တရုပ်အစိုးရထံ ညှိနှိုင်းဆက်သွယ်ထားခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ချေ။

မတ်ခ်အနေနဲ့ သူ့ရဲ့ ဖေ့စ်ဘွခ်ဆိုရှယ်နက်ဝေါ့ခ် ကိုအသုံးပြုမယ်ဆိုရင် တရုပ်ပြည်ရဲ့ စီးပွားရေးဟာ  ပိုမိုတိုးတက်လာပြီး ဈေးကွက်ကျယ်ပြန့်လာမှာဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ အပလီကေးရှင်းကို တရုပ်နိုင်ငံထဲမှာ လူတွေမေ့မသွားအောင် ရတတ်သရွေ့ နေရာယူထားတာပဲဖြစ်ပါတယ်။

သူတို့နိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိအောင် ချဉ်းကပ်နိုင်ဖို့ နည်းလမ်းကို လေ့လာရှာဖွေဖို့ အချိန်ယူရလိမ့်ဦးမယ်လို့ Facebook က ဆိုပါတယ်။
 



Follow us on