1. Home
  2. Special or Others

မြန်မာအလုပ်သမတစ်ဦးအား ထိုင်းလူမျိုးအလုပ်သမားခေါင်းမှ အဓမ္မပြုကျင့်

Special or Others ส.ค. 15, 2560 view 1,648

ထိုင်းနိင်ငံ ချွန်ဘူရီခရိုင် ဆီရချာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ  အသက် ၅၀ နှစ်ခန့်အရွယ် ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်က အိမ်ထောင်သည် ကိုယ်ဝန်နှစ်လကျော်ရှိနေသည့် မြန်မာအလုပ်သမားလေး တစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့ကြောင်း ထိုင်းနိုင်ရောက် AAC မဟာမိတ်အဖွဲ့ထံမှ သတင်းရရှိသည်။


အသက် ၂၂ နှစ်အရွယ် အိမ်ထောင်နှင့် ကိုယ်ဝန် နှစ်လလွယ်ထားရသူ မ ------- အား လင်ယောက်ျားဖြစ်သူ အပြင်ထွက်ဈေးသွားဝယ်နေခိုက် အိမ်တွင် တစ်ဦးတည်း ကျန်နေခဲ့စဉ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ၌ အတူတူလုပ်ကိုင်နေသော ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်မှ အခန်းတွင်းသို့ အတင်းဝင်ရောက်ကာ အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်သည်။


ခင်ပွန်းဖြစ်သူ အပြင်မှ ပြန်လာချိန်တွင် ငိုယိုပြီး ဖြစ်စဉ်ကို ပြောပြရာ အခြားမြန်မာလုပ်သားများနှင့်အတူ တရားခံအား ဖမ်းဆီးရန် ၎င်းနေထိုင်ရာ အခန်းကို လူစုလူဝေးဖြင့် ဝိုင်းထားရာ အဆိုပါထိုင်းလူမျိုးမှ သေနတ်ဖြင့် ထုတ်ချိန်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။


ထို့ကြောင့် လင်ယောက်ျားဖြစ်သူမှ AAC မဟာမိတ်အဖွဲ့သို့ လာရောက်တိုင်ကြားခဲ့သဖြင့် AAC အဖွဲ့မှ လိုအပ်သည့် ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်။ ထိုင်းအစိုးရ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနမှ အမျိုးသမီးရေးရာပိုင်း တာဝန်ရှိသူများပါ ပူးပေါင်း၍ တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ်−AAC မဟာမိတ်အဖွဲ့
 



Follow us on