နီနီခင်ဇော်ရဲ့ Super Red ပွဲကို ညနေခင်းဝတ်စုံ အဝါရောင်လေးနဲ့ ပွဲတက်လာသူကတော့ မိတ်ကပ်ပညာရှင် မထက်(Pop-Soul)ပါ။ သူမကတော့ အလှအပနဲ့ ကျန်းမာရေး အစစအရာရာ အဆင်ပြေနေပါပြီလို့ ဆိုပါတယ်။
ခွဲစိတ်မှုပြုလုပ်ထားတာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ မထက်က...
"အစ်မ ခန္ဓာကိုယ်အနေအထားအနေနဲ့ကတော့ ဘာမှထွေထွေထူးထူး၊ ရှောင်စရာမလိုဘူး။ အစ်မ အစစအရာရာ အကုန်အဆင်ပြေတယ်။ အစ်မခွဲစိတ်မှုကလည်း အကောင်းဆုံး အောင်မြင်တယ်။ အဲဒီအတွက်ကြောင့် နာကျင်မှုလည်းမရှိဘူး။ အားလုံး အေးအေးဆေးဆေးပဲ။ နေမကောင်းဖြစ်တာလည်း မရှိဘူး။ အစ်မ Gym ကို ပုံမှန်ဆော့တယ်။ ၈ လကျော် ၉ လထဲရောက်ပြီး အစ်မ အရင်လိုခန္ဓာကိုယ်မှာ အတုတွေအများကြီး ထည့်စရာမလိုတော့ဘူး။ အခုဆိုလို့ရှိရင် လေ့ကျင့်ခန်းတွေ အများကြီးလုပ်တဲ့ အခါကျတော့ ခါးဆိုခါး၊ တင်ဆိုတင် အစစအရာရာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဖန်တီးနိုင်တာပေါ့။ အဲဒီအတွက်ကြောင့် အစ်မအားရတယ်" လို့ ပြောပါတယ်။
လတ်တလောမှာတော့ မိတ်ကပ်နဲ့ပတ်သက်လို့ သင်တန်းတွေပေးနေတာ တတိယအသုတ်ကို ရောက်နေပြီဖြစ်တဲ့ မထက်က တီဗီကြော်ငြာရိုက်ကူးမှုတွေလည်း ပြုလုပ်ထားပါတယ်။ မထက် သရုပ်ဆောင်လုပ်ဖို့ ရှိမလားဆိုတော့
"ဇာတ်ကားရိုက်ဖို့တော့ ပြောထားတယ်။ ဒါပေမဲ့ လေလာလေလာဆယ် အတည်တော့မဖြစ်သေးဘူး။ အများကြီးလိုဦးမယ်လို့ ထင်ပါတယ်။ ပြီးတော့ အဲဒီလောက်အများကြီး သတ္တိမရှိသေးဘူး" လို့ သူမကပြောပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ Feel Status လေးတွေတင်လေ့ရှိတဲ့ မထက်ကို သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး "အစ်မအချစ်ရေးက လက်ရှိကတော့ ကောင်းပါတယ်။ အစ်မတို့ ချစ်သူသက်တမ်း ၃ နှစ်ကျော် ၄ နှစ်ရောက်ပြီပေါ့။ အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ပဲ ရှေ့ဆက်သွားပါတယ်။ ဒီ့ထက်ပို ပြီးတော့ Relation ကိုကြာကြာသွားချင်ပါတယ်။ ဒီလို Relation တစ်ခုဖြစ်လာလိမ့်မယ်လို့ ရည်ရွယ်ပြီး ချစ်ခဲ့ကြတာမဟုတ်ဘူးဆိုပေမယ့် မဆိုးဘူးပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ ဆက်ပြီး ကြာလာတဲ့အခါ အစ်မ အကောင်းဆုံး ရှေ့ဆက်ချင်သေးတယ်။ သူ့ကို အမြဲတမ်းပြောတယ်။ သူ ရှိနေနိုင်သလောက် အစ်မရှေ့ဆက်ချင်ပါသေးတယ်။ သူအစ်မကို လက်ခံနိုင်သေးသရွေ့ပေါ့နော်"လို့ မထက်က ပြောပြခဲ့ပါတယ်။
သတင်းရင်းမြစ်−ပေါ်ပြူလာဂျာနယ်