1. Home
  2. Special or Others

လေးရက်သားအရွယ် ကလေးသေဆုံးမှုကြောင့် ဆေးရုံတရားစွဲခံရ

Special or Others ส.ค. 15, 2560 view 1,470

အိုရီဂွန် ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် သူမ၏ မွေးကင်းစ လေးရက်သားအရွယ် သားလေးအား ဆေးရုံတွင် အိပ်နေရင်း မတော်တဆဖိမိခဲ့သောကြောင့် ကလေး သေဆုံးသွားသည့် အတွက် ဆေးရုံကို တရားစွဲဆိုခဲ့သည်။

အိုရီဂွန်ပြည်နယ် ပို့လန်မြို့ရှိ Adventist ဆေးရုံကို ကလေးသေဆုံးခြင်းအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၈.၆ သန်း လျှော်ကြေးပေးရန် မိခင်ဖြစ်သူ မော်နီကာသွန်ဆင် က တောင်းဆိုထားသည်။
မောနီကာ၏ ပြောဆိုချက်အရ ကလေးသေဆုံးမှုမှာ ဆေးရုံ၏ ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း မွေးကင်းစကလေးကို မိခင်နှင့် ညပိုင်း နို့တိုက်နိုင်ရန် အတူပေးအိပ်ခဲ့ကြောင်းနှင့် ဆေးရုံမှ သူမကို ပေးထားသောဆေးများတွင် အိပ်ပျော်စေသော ဆေးများလည်းပါဝင်ကြောင်း ပြေဆိုခဲ့သည်။

ကလေးမွေးပြီး ၄ ရက်မြောက်ညတွင် တရေးနိုးသည့် အချိန်တွင် ကလေးကိုကြည့်သောအခါ ကလေးအသက်မရှုတော့ကြောင်း သိရှိခဲ့ရသည်။ ထိုနေ့ညက ဆေးရုံမှ သူမအား Ambien နှင့် Vicodin ဆေးများတိုက်ကျွေးပြီး နာရီအနည်းငယ်အကြာတွင် ကလေးလာပေးပြီး ထွက်သွားကြောင်း၊ ကလေးအသက် မရှုမှန်းသိသိခြင်း သူနာပြုဆရာမအား ခေါ်ခဲ့ပါသော်လည်း သူနာပြုဆရာမ ရောက်မလာခဲ့၍ သူမကလေးချီပြီး အပြင်ထွက်ပြီး အကူအညီပေးကြရန် အောတော်ဟစ်အကူအညီတောင်းခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။

သူမ၏ ၄ ရက်သားအရွယ် သားငယ်လေးသည် ဦးနှောက်ပျက်စီးသွား၍ အသက်ကယ်ပစ္စည်းများ ဖြုတ်လိုက်ချိန်တွင် သေဆုံးသွားခဲ့သည်။ အဆိုပါဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ခရစ်စတီးဂျွန်ဆင် (Kristi Johnson)က ကလေးသေဆုံးမှုအတွက် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဆေးရုံ၏ မိခင်နှင့် မွေးကင်းစကလေး အတူပေးအိပ်သည့် ပေါ်လစီကိုလည်း ဖြေကြားပေးရန် ငြင်းဆန်ခဲ့ပြီး တရားစွဲဆိုမှုကို ပြန်သုံးသပ်ရန် အချိန်မရသေးပါဟု ပြောဆိုခဲ့သည်။ သေဆုံးသူ ကလေး၏ မိခင်မော်နီကာ သွန်ဆင် (Monica Thomson) သည် မိမိပထမဆုံးမွေးဖွားသည့် ကလေးကို မမေမျာ်လင့်ဘဲ ဖိသတ်သလို မတော်တဆဖြစ်ခဲ့၍ စိတ်ကယောင်ချောက်ခြားဖြစ်ကာ ကျွမ်းကျင်သူများနှင့် ဆေးကုသမှု ခံယူနေရပြီး ဆေးကုသသည့် စရိတ်များအတွက် ယခုလိုတရားစွဲဆိုရခြင်းကြောင်း သိရှိရသည်။



Follow us on