1. Home
  2. Special or Others

လေယာဉ်ပျံပေါ်က မြေပြင်ပေါ်ပြုတ်ကျခဲ့တာတောင် ဘာမှမဖြစ်တဲ့ Galaxy S5

Special or Others ส.ค. 15, 2560 view 1,404

ပေ ၁၀၀၀ အမြင့်ကနေ ပျံသန်းနေတဲ့ အပျော်စီးလေယာဉ်ပေါ်က ခရီးသည်တစ်ဦးဟာ သူ့ရဲ့ Samsung Galaxy S5 အမျိုးအစား စမတ်ဖုန်းနဲ့ ရှုခင်းများကို ဗီဒီယိုမှတ်တမ်းတင်နေစဉ် ရုတ်တရက်လွတ်ကျပြီး အိမ်ခြံဝင်းတစ်ခုထဲသို့ ပြုတ်ကျခဲ့သည်။

ဗီဒီယိုရိုက်ကူးနေစဉ် ဖုန်းပြုတ်ကျခဲ့တာဖြစ်လို့ ပြုတ်ကျခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်လုံးကို ဗီဒီယိုရိုက်ကူးပြီးသား ဖြစ်ခဲ့ပါတယ်။ မြေပြင်ပေါ်ရောက်တဲ့အထိ ဗီဒီယိုကို ကောင်းမွန်စွာ ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ညနေ ၇ နာရီခွဲခန့်မှာ အိမ်ရှင်ဖြစ်သူက ဖုန်းကို တွေ့ရှိခဲ့ပြီးနောက် ပိုင်ရှင်ကို ပြန်လည် ဆက်သွယ်ကာ ပေးနိုင်ခဲ့ပါတယ်။

ဖုန်းပြုတ်ကျစဉ် ရိုက်ကူးမိခဲ့တဲ့ ဗီဒီယိုကိုတော့ ဖုန်းပိုင်ရှင်ရဲ့ တူဖြစ်သူ Robert Ryan ဆိုသူက ယူကျု့ပေါ် တင်ခဲ့တာဖြစ်ပါတယ်။


 



Follow us on