1. Home
  2. Good Morning Myanmar

YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ကဒ်စနစ်နဲ့ငွေပေးချေဝန်ဆောင်မှု အတွက် တင်ဒါခေါ်ယူ

Good Morning Myanmar ส.ค. 15, 2560 view 1,430

YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ကဒ်စနစ်နဲ့ငွေပေးချေ ၀န်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ တင်ဒါခေါ်ယူလျှက်ရှိတယ်လို့သိရပါတယ်။ YBS ခရီးသည်တင်ယာဉ်လိုင်းတွေ ငွေပုံးစနစ်စတင်တပ်ဆင်ချိန်မှာ ခရီးသည် တွေ ငွေအကြွေလဲလှယ်ရတဲ့ ပြဿနာတွေဖြစ်ပေါ်နေတဲ့အတွက် ကဒ်စနစ်ကိုတင်ဒါ ခေါ်ယူရတာဖြစ်တယ်လို့သိရပါတယ်။ကဒ်စနစ်အတွက်အဆိုပြုလွှာတွေကို သြဂုတ်လ(၉)ရက်မှာစတင်ရောင်းချ ပေးနေပြီး သြဂုတ်လ(၁၅)ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ တင်ဒါစနစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းပေးမှာဖြစ်တယ်လို့သိရပါတယ်။ ခရီးသည်တွေကြုံတွေ့နေရတဲ့ ငွေအကြွေပြသာနာကိုဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က System ဆိုပြီးသီးသန့်ဌာနတစ်ခုကိုလည်း ဖွဲ့စည်းပြီးဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် YBS ယာဉ်လိုင်းတွေမှာ ကဒ်စနစ်နဲ့ငွေပုံးစနစ်(၂)မျိုးစလုံးနဲ့စီးနင်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ ကဒ်စနစ်အတွက် တင်ဒါအဆိုပြုလွှာတွေကို သြဂုတ်လ(၂၅)ရက်မှာစတင်လက်ခံမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ(၁၆)ရက်မှာ နောက်ဆုံးထားတင်သွင်းရမှာဖြစ်တယ်လို့သိရပါတယ်။



Follow us on