1. Home
  2. Good Morning Myanmar

ပိုးသတ်ဆေးသင့်ကြက်ဥများ ဟောင်ကောင်တွင်တွေ့ရ

Good Morning Myanmar ส.ค. 15, 2560 view 1,413

ဥရောပနိုင်ငံတစ်ချို့ကကြက်ဥတွေမှာ တားမြစ်ပိုးသတ်ဆေးသင့်နေတာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင်လကတည်းကတွေ့ရှိခဲ့ပါတယ်။အခုတော့ အဲဒီလိုတားမြစ်ဆေးသင့် ကြက်ဥတွေကို ဟောင်ကောင်မှာလည်းတွေ့ရှိရတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေကပြောပါ တယ်။ ဇူလိုင်လကုန်ပိုင်းမှာ နယ်သာလန်နိုင်ငံမှာစတင်တွေ့ရှိခဲ့တဲ့ ပိုးသတ်ဆေးသင့်ကြက်ဥ အရှုပ်တော်ပုံဟာ ဟောင်ကောင်အထိပျံ့နှံ့လာပြီး ဟောင်ကောင်မှာလည်း ဘေးကင်းအဆင့်ကို ကျော်လွန်တဲ့ ပိုးသတ်ဆေးသင့်ကြက်ဥတွေတွေ့ရှိထားတယ်လို့အတည်ပြုနိုင်ပြီဖြစ်ပါတယ်။

ကြက်ဥတွေမှာ ပိုးသတ်ဆေးသင့်တဲ့ဖြစ်ရပ်ဟာ ဟောင်ကောင်မှာ နောက်ဆုံးတွေ့ရှိထားတာ ဖြစ်ပါတယ်။နယ်သာလန်ကြက်ဥတွေမှာ ဖီပရိုနေးလ်ပိုသတ်ဆေးပါဝင်မှုပမာဏ မြင့်မားနေတဲ့ နမူနာတွေကိုတွေ့ရှိထားတယ်လို့ ဟောင်ကောင်အစားအသောက်ဘေးကင်းရေးစင်တာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဟောင်ကောင်အစားအသောက်ဘေးကင်းရေးစင်တာကတော့ ပိုးသတ်ဆေးသင့်တဲ့ ထုတ်ကုန်တွေကို ဈေးဆိုင်တွေကနေပြန်သိမ်းဖို့နဲ့တင်ပို့တဲ့နိုင်ငံတွေအနေနဲ့လည်း ပစ်္စည်းတွေကို ပြန်သိမ်းဖို့ လမ်းညွှန်ထားပါတယ်။

ဟောင်ကောင်နဲ့စင်ကာပူတို့အပြင် ဥရောပသမဂ်္ဂအဖွဲ့ဝင် ၁၅ နိုင်ငံဟာ ဖီပရိုနေးလ်ပိုးသတ်ဆေးသင့်ကြက်ဥတွေတင်ပို့ခံခဲ့ရတယ်လို့ ဥရောပကော်မရှင် က သောကြာနေ့မှာပြောပါတယ်။ကြက်ဥတွေမှာ ပိုးသတ်ဆေးသင့်နေတယ်ဆိုတဲ့သတင်းကြောင့် စားသုံးသူတွေဘက်က ထိတ်လန့်မှုတွေဖြစ်ခဲ့လို့ ဥရောပစူပါမားကတ်တွေကနေ ပြန်လည်ရုတ်သိမ်း ခဲ့ရပါတယ်။ဖီပရိုနေးလ်ဟာ ပိုးမွှားနှိမ်နင်းဖို့သုံးတဲ့ဓာတုအဆိပ်မျိုးဖြစ်ပြီး စားသုံးကုန်လုပ်ငန်းမှာ အသုံးပြုမှုကို ဥရောပသမဂ်္ဂက တားမြစ်ပိတ်ပင်ထားပါတယ်။



Follow us on