1. Home
  2. Special or Others

သရဲကို မျက်မြင်တွေ့ခဲ့ရသူရဲ့ ခြောက်ခြားစရာညများ

Special or Others ส.ค. 15, 2560 view 1,813

သရဲဆိုတဲ့ အရာဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အရာမဟုတ်တဲ့အတွက် ရှိတယ်လို့ပြောရင် ယုံရခက်ပါတယ်။ ဒါပေမဲ့ သူတို့တွေနဲ့ တစ်ချိန်ချိန်မှာ မဆုံနိုင်ဘူးလို့ တထစ်ချမှတ်ယူ ထားလို့မရပါဘူး။ အယုံအကြည်မရှိတဲ့သူ တွေတောင်မှ ဒီလိုသဘာဝ ဆန်းကြယ်ဖြစ်ရပ်နဲ့တွေ့ရင် သူတို့ကိုယ်သူတို့ သံသယဖြစ်သွားစေနိုင်ပါတယ်။

ပန်းချီပညာရှင်တစ်ယောက်ဖြစ်တဲ့ အက်ဒမ် အီလစ်ပ်ဟာ သူကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်ခြောက်ခြားဖွယ် ဇာတ်လမ်းကို သူ့ရဲ့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။


အက်ဒမ်ကတော့ လက်ရှိ သူ့အိမ်မှာ သရဲတစ်ကောင်ရဲ့ ခြောက်လှန့်ခြင်းကို ခံနေရကြောင်း၊ ရှင်းပြထားပါတယ်။ ပထမစတွေ့တုန်းက သူဟာ အိမ်မက်မက်ပြီး တစ်ကိုယ်လုံး လှုပ်လို့မရဘူးလို့ ဆိုပါတယ်။ ထိုသရဲဟာ  သူ့ရဲ့ ကုတင်ခြေရင်းမှာရှိတဲ့ အစိမ်းရောင်ကုလားထိုင်ပေါ်မှာ ထိုင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီသရဲကောင်လေးဟာ အက်ဒမ်ကို အကြာကြီးစိုက်ကြည့်နေပြီးနောက် ထိုင်ခုံပေါ်မှ ဆင်းလာကာ အက်ဒမ်ရှိရာ ကုတင်သို့ တက် လာခဲ့တယ်လို့ဆိုပါတယ်။ ကုတင်ပေါ်တက်လာတဲ့အခါ ပိုကြောက်ဖို့ကောင်းတယ်လို့ဆိုထားပါတယ်။

 


အကယ်လို့ ဒီအရာတွေအားလုံးဟာ အိမ်မက်ဆိုးသာဆိုရင် ကျွန်တော်လန့်နိုးလာလိမ့်မယ်။ တစ်ခန်းလုံးမီးတွေ ဖွင့်ပြီး ဗီဒိုတွေ၊ ကုတင်အောက်တွေမကျန် ရှာမိလိမ့်မယ်လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ အက်ဒမ်ကတော့ ဒီအ ရာတွေ ဖြစ်နေချိန်မှာ လှုပ်လို့မရဘူးလို့ဆိုခဲ့ပါတယ်။ ထိုသူရဲကောင်လေးနီးလာတဲ့အခါမှာ ကံကောင်းစွာနဲ့ပဲ လန့်နိုးလာတယ်လို့ ဆိုပါတယ်။

အဲ့တာတွေဟာ ဒီမှာတင် အဆုံးမသတ်သွားပါဘူး။ ညအနည်းငယ် ကြာပြီးတဲ့ အခါ မှာ အခြားအိမ်မက်တစ်ခု ထပ်မက်ခဲ့ပါတယ်။ ဒီအိမ်မက်မှာဆိုရင် သူဟာ စာကြည့်တိုက်ထဲရောက်နေပြီး မိန်းကလေး တစ်ယောက်ကနေ သူ့ကို မင်း ဒေးဗစ်ကိုမြင်ခဲ့တယ် မဟုတ်လားလို့မေးခဲ့ပါတယ်။ အက်ဒမ်က ဘယ်သူကိုလဲ လို့မေးတဲ့အခါမှာ ထိုကောင်မလေးက ဒေးဗစ်လေ၊ သူသေပြီးသား၊ ညသန်ခေါင်ကျမှ ပေါ်လာတာ။ မင်းသူ့ကို မေးခွန်းနှစ်ခုမေးလို့ရတယ်။ မမေးခင် ဒေးဗစ်ရေ လို့ခေါ်ရမယ်။ တစ်ခုတော့ရှိတယ်။ မင်းသူ့ကို တတိယမေးခွန်း မမေးရဘူး၊ မေးရင် အသတ်ခံရမယ်လို့ သတိပေးခြင်းခံခဲ့ရပါတယ်။

 နောက်တနေ့ညမှာဘဲ ဒေးဗစ်သရဲဟာ သူ့ဆီ ရောက်လာကြောင်း၊ သူဟာ ဘယ်မှာသေတာလဲ၊ ဘာလို့လဲလို့ ဆက်တိုက်မေးလိုက်ကြောင်း မေးခဲ့ပါ တယ်။ ဒေးဗစ်က စတိုးဆိုင်တစ်ဆိုင်မှာ သေခဲ့ကြောင်း၊ စင်ပြုတ်ကျ လို့သေကြောင်း ရှင်းပြခဲ့ပါတယ်။ တတိယ မေးခွန်းဖြစ်တဲ့ ဘယ်သူက စင်ကိုတွန်းခဲ့တာလဲလို့မေးလိုက်တဲ့ အချိန်မှာ ဒေးဗစ်ဟာ ပြန်မဖြေဘဲ ကြည့်နေတယ်လို့ ရေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူဟာ ကြောက် လန့်တကြားနဲ့ လန့်နိုးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဂူဂဲလ်မှာရှာ ကြည့်တဲ့ အခါ ဒေးဗစ်နဲ့ ပက်သက်တဲ့ သေဆုံးမှု တစ်ခုတောင်မတွေ့ဘူးလို့ ဆိုထားပါတယ်။


ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ အပေါ်ထပ် အခန်းလွတ်သဖြင့် ပြောင်းရွေ့ပြီးနောက်ပိုင်းမှာ ဒေးဗစ်ကိုထပ်မတွေ့ ရတော့ဘူး လို့ ဆိုပါတယ်။ လေးရက်လောက်ကြာပြီးနောက် ညသန်းခေါင်အချိန်မှာ သူရဲ့ ကြောင်တွေဟာ တံခါးဝမှာစုပြီး တံခါးအပြင်ကို စိုက်ကြည့်နေကြကြောင်း တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။ မနေ့ညက စိတ်မလုံသောကြောင့် ချောင်းကြည့်တဲ့ အပေါက်မှကြည့်မိရာ တစ်စုံတစ်ယောက်ပြေးဆင်းသွားတာကို မြင်လိုက်ကြောင်း၊ တံခါးကို ဆွဲဖွင့်တဲ့ အခါမှာ ဘယ်သူ့ကိုမှ မတွေ့ကြောင်း၊ ဒါပေမဲ့ သူ့ကြောင်တွေကတော့ တစ်စုံတစ်ခုကိုတွေ့သလို အမြီးတွေဖွားနေကြောင်း တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။


 



Follow us on