1. Home
  2. Good Morning Myanmar

ထိုင်ဝမ်မှာပြုလုပ်နေတဲ့ မန်ဂ၊အန်နီမဲနဲ့ဗီဒီယိုဂိမ်းအစီအစဉ်တွေ ခင်းကျင်းပြသနေတဲ့ပွဲကို တက်ရောက်

Good Morning Myanmar ส.ค. 16, 2560 view 1,465

အားပေးသူများပြားထိုင်ဝမ်မှာ မန်ဂ၊အန်နီမဲနဲ့ဗီဒီယိုဂိမ်းအစီအစဉ်တွေ ခင်းကျင်းပြသနေတဲ့ပွဲကို ဂျေပေါ့အနုပညာကို စိတ်ဝင်စားနှစ်ခြိုက်သူတွေ တက်ရောက်အားပေးသူများပြားနေပါတယ်။နှစ်စဉ်ကျင်းပတဲ့ဒီပွဲကို ဂျပန်နဲ့ထိုင်ဝမ်ကုမ္ပဏီတွေက နွေရာသီအားလပ်ရက်တွေအတွင်း ဦးဆောင် ကျင်းပကြတာပါ။ ဒီပွဲဟာ အာရှမှာကျင်းပတဲ့ဒီလိုပွဲကြီးတွေထဲက အကြီးဆုံးပွဲတစ်ခုအဖြစ်လည်း ယူဆရပါတယ်။မကြာသေးခင်နှစ်တွေတုန်းကဆိုရင် ပရိသတ်(၅)သိန်းကျော်အထိ တိုးလာပါတယ်။ အဲဒီမှာ ကုမ္ပဏီပေါင်း(၇၀)ကျော်က သူတို့ရဲ့ထုတ်ကုန်တွေကိုပြသနေကြပြီး အများစုက ဂျပန်နိုင်ငံကဖြစ်ပါတယ်။

ထိုင်ဝမ်မှာတော့ ရုပ်ပြစာအုပ်တွေရောင်းချနှုန်းကျနေပေမဲ့ အန်နီမဲနဲ့စမတ်ဖုန်းနဲ့ ဆော့လို့ရတဲ့ဂိမ်းစ်တွေကတော့ လူကြိုက်များလာတာကိုတွေ့ရပါတယ်။ အခုပြပွဲမှာတော့ ပွဲလာသူ အများစုဟာ နာမည်ကျော် အထက်တန်းကျောင်းသူတစ်ဦးရဲ့လှုပ်ရှားမှုတွေ အကြောင်းဖော်ပြ ထားတဲ့ဂျပန်အန်နီမဲဂိမ်းတစ်ခုကို နှစ်ခြိုက်သူများပြားနေပါတယ်။ ထိုင်ဝမ်မှာနဲ့ဂျပန်ရဲ့မန်ဂနဲ့အန်နီမဲ ပရိသတ်တွေများပြားပါတယ်။ပွဲကိုလာရောက်ကြသူတစ်ချို့ဟာ ဒီပွဲဖွင့်ပွဲကို တက်ရောက်နိုင်ဖို့ ၃ ရက်နီးပါးကြာအောင် တန်းစီခဲ့ရတယ်လို့ဆိုပါတယ်။



Follow us on