1. Home
  2. Good Morning Myanmar

ဖိလစ်ပိုင်တွင် ကြက်အကောင်ရေ(၁၀၀၀၀)ကျော်ကိုသုတ်သင်

Good Morning Myanmar ส.ค. 16, 2560 view 1,409

ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးရေးဦးစီးဌာနဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပမ်ပန်ဂါမြို့မှာရှိတဲ့ ကြက်အကောင်(၁၂၀၀၀)နီးပါးကို သုတ်သင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ လက်္ခဏာရှိတဲ့ ကြက်တွေတွေ့ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို သုတ်သင်တာကိုပြုလုပ်ခဲ့တာပါ။ ရောဂါပျံ့နှံ့မှုကိုတားဆီးဖို့အတွက် အခုသုတ်သင်လိုက်တဲ့ ကြက်တွေကို ပလတ် စတစ်နဲ့ပတ်ပြီး ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့တွေဖြန်းထားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ရောဂါပိုးပါဝင်တယ်လို့သံသယရှိတဲ့ ကြက်အကောင်ရေ(၁၀၀၀၀၀) ကျော်ကို သုတ်သင်ဖို့ရှိနေသေးတယ်လို့လည်း စိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။စိုက်ပျိုးရေး ခြံပိုင်ရှင် တချို့က သူတို့ခြံတွေရဲ့ထွက်ကုန်တွေနဲ့ကြက်ဥတွေကို တရားမ၀င်ရောင်းဝယ်ဖို့ ကြိုးစားခဲ့ပေမယ့် အာဏာပိုင်တွေက တရားမ၀င်တာတွေကို သိမ်းယူခဲ့တယ်လို့ဆိုပါတယ်။ တိရစ္ဆာန်ဆေးကုသရေးနဲ့ငါးလုပ်ငန်းဌာနကတော့ ဆီဘူးပြည်နယ်မှာ ရောင်းချ နေတဲ့ ကြက်သားတွေကို ပမ်ပန်ဂါမြို့ကလာတဲ့ ကြက်ငှက်တုပ်ကွေးသံသယရှိတဲ့ ကြက်သား တွေဟုတ်၊မဟုတ်ဆိုတာကိုစစ်ဆေးနေပါတယ်။



Follow us on