အကယ်ဒမီအတွက် ရုပ်ရှင်ဇာတ်ကားတွေကိုစိစစ်ကြည့်ရှုဖို့အတွက် ရုပ်ရှင်ရုံကို ရုပ်ရှင်အစည်း အရုံးဝင်းအတွင်းမှာ တည်ဆောက်နေတယ်လို့သိရပါတယ်။အရင်ကအကယ်ဒမီရုပ်ရှင် ဇာတ်ကားတွေ ကို စိစစ်ကြည့်ရှုဖို့နဲ့ဆင်ဆာတည်းဖြတ်ဖို့အတွက် ရုပ်ရှင်မြှင်တင့်ရေးမှာ သွားရောက်ကြည့်ရှု ဆောင်ရွက်နေရတာဖြစ်ပြီး အခုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ စိစစ်ကြည့်ရှုနိုင်ဖို့ ရုပ်ရှင်ရုံကို စတင်တည်ဆောက်နေပြီ ဖြစ်တယ်လို့သိရပါတယ်။ ရုပ်ရှင်ရုံကိုတော့ ရုပ်ရှင်အစည်းအရုံးဘတ်ဂျက်နဲ့တည်ဆောက်နေတာဖြစ်ပြီး ခန့်မှန်းငွေကျပ် သိန်း(၂၀၀၀)၀န်းကျင်ခန့်မှန်းခဲ့ပေမယ့် အခုလက်ရှိ ငွေကျပ်သိန်း(၃၀၀၀)ကျော်အထိ ကုန်ကျနိုင်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရုပ်ရှင်ရုံအတွက်ခုံတွေတပ်ဆင်နေပြီး ရုပ်ရှင်ပြစက်ထားဖို့ရုံကိုလည်း တည်ဆောက်ပြီးဖြစ်တယ်လို့သိရပါတယ်။အသံနဲ့ရုပ်ထွက်အရည်အသွေးကိုလည်း စံချိန်မီ အဆင့်မြင့်အောင်လုပ်ဆောင်ထားတာဖြစ်ပြီး ထိုင်ခုံအရေအတွက်(၂၀၀)အထိထားရှိသွားမှာ ဖြစ်တယ် လို့သိရပါတယ်။ ဒီရုပ်ရှင်ရုံမှာအကယ်ဒမီအတွက်ရုပ်ရှင်ဇာတ်ကားတွေကိုစိစစ်ကြည့်ရှုမှုတွေအပြင် ရုပ်ရှင်ဆင်ဆာကြည့်တာတွေ၊ရုပ်ရှင်ကားတွေကို အစမ်းပြသတာတွေကိုပါလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။