1. Home
  2. Good Morning Myanmar

ဒဂုံတက္ကသိုလ်မှကျောင်းသားကျောင်းသူတွေအတွက်ခရီးသွားလာရာမှာ အဆင်ပြေချောမွေ့ စေဖို့အတွက်

Good Morning Myanmar ส.ค. 16, 2560 view 1,456

ယခင်က ဒဂုံတက္ကသိုလ်ထဲမှာပြေးဆွဲနေတဲ့ ၀ါ၊ စိမ်း၊ နီကားတွေဟာ မြောက်ဒဂုံမြို့နယ် ကျောက်လမ်းမှတ်တိုင်မှာ (၁၅)ယာဉ်လိုင်းနဲ့အတူပူးပေါင်းပြေးဆွဲသွားမှာဖြစ် တယ်လို့သိရပါတယ်။YBS 24 ယာဉ်လိုင်းမှာထပ်တိုးပြေးဆွဲမယ့် Ankai (အန့်ခိုင်)ကားသစ် အစီး(၃၀)ကိုတော့ ယခင်ပြေးဆွဲ နေတဲ့ ၀ါ၊ စိမ်း၊နီနေရာမှာ ထပ်တိုးပြေးဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ ယခုထပ်တိုးမယ့်YBS 24 ယာဉ်လိုင်းရဲ့ ကားအသစ်အစီး(၃၀)မှာ မောင်းနှင်ကြမယ့် ယာဉ်မောင်းတွေကို ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ယာဉ်မောင်းအဟောင်းတွေအပြင် ယာဉ်မောင်းအသစ်တွေကို သင်တန်းပေးပြီးမောင်းနှင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

YBS 24 ယာဉ်လိုင်းရဲ့ ယခုလက်ရှိပြေးဆွဲနေတဲ့ ယာဉ်လမ်းကြောင်းတွေကတော့ ဒဂုံတက္ကသိုလ်မှဂိတ်စထွက်ကာ တောင်မြောက်လမ်းဆုံ၊စံပြဈေး၊သုဝဏ္ဏ၊ပုဇွန်တောင်အောက်လမ်းမှ မြို့ထဲ ဗိုလ်တစ်ထောင်မှတ်တိုင်မှာ ဂိတ်ဆုံးတာဖြစ်ပါတယ်။ ဒီ(၂၄)ယာဉ်လိုင်းကိုYBS စနစ် မပြောင်းခင်ကတည်းက ဒဂုံတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူတွေအတွက်ရည်ရွယ်ပြီး ပြေးဆွဲနေတာ ဖြစ်တယ်လို့သိရပါတယ်။လက်ရှိYBS 24 ယာဉ်လိုင်းမှာ ယခုထပ်တိုးမယ့် ယာဉ်အစီးရေအပါအ၀င် ယာဉ်အစီးရေစုစုပေါင်း(၁၀၀)နဲ့ပြေးဆွဲနေတာဖြစ်တယ်လို့သိပါတယ်။



Follow us on