1. Home
  2. Myanmar News

၂၀၁၇ ခုနှစ် ခုနစ်လတာကာလအတွင်း ရန်ကုန်တိုင်း မီးလောင်မှု ၁၄၂ ကြိမ်ဖြစ် ပွားခဲ့

Myanmar News ส.ค. 18, 2560 view 1,374

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ခုနစ်လတာကာလအတွင်း မီးလောင်မှု ၁၄၂ ကြိမ်ဖြစ် ပွားခဲ့ပြီး ကျပ်သိန်းပေါင်း ၂၃၀ဝ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်။အရင်နှစ် ကာလတူထက် မီးလောင်မှုအကြိမ် ၂၀ တိုးလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကသိရပါတယ်။သည်နှစ် ခုနစ်လတာကာလအတွင်း ပေါ့ဆမီး ၇၈ ကြိမ်၊ လျှပ်စစ်မီး ၄၈ ကြိမ်၊ မီးဖိုမီး ၁၀ ကြိမ်၊ အလိုအလျောက်မီး နှစ် ကြိမ်၊ မသမာသူရှို့မီးလေးကြိမ်၊စုစုပေါင်း ၁၄၂ ကြိမ်ဖြစ်ပွားပြီး မီးလောင်မှုကြောင့် လူ၁၇ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ပေါ့ဆမီးက အရင်နှစ်ထက် ၁၀ ကြိမ်တိုးလာတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက မီးလောင်မှုမှာပေါ့ဆမီးကများပါတယ်၊ မီးလောင် မှုကြောင့်စစ်ဆေးရေးတွေ၊ ကြိုတင်ကာကွယ်ရေးတွေလုပ်ဆောင်နေပါတယ်၊ မီးဘေးအသိပညာပေး ကတော့ဆက်တိုး လုပ်သွားမယ်လို့ ပြောပါတယ်။ခုနစ်လတာ ကာလအတွင်းမှာ မီးလောင်မှုကြောင့် အဆောက်အအုံ ၁၈၂ လုံး၊ စက်ရုံ/အလုပ်ရုံ တစ်လုံး၊ ဂိုဒေါင်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုကြောင့် ၁၅ ဦးဒဏ်ရာရရှိပြီး မီးဘေးဒုက္ခသည် ၄၇၄ ဦးရှိပါတယ်။ ပျက်စီးဆုံးရှုံးမှု စုစုပေါင်းကျပ်သိန်း ၂၃၀ဝ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ အခုနှစ်ဇူလိုင်လအတွင်းမှာ ပေါ့ဆမီး ခြောက်ကြိမ်၊ လျှပ်စစ်မီး ငါးကြိမ်၊ မီးဖိုမီးတစ်ကြိမ်၊ အလိုအလျောက်မီးတစ်ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်။

တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်။ မီးလောင်ကျွမ်း မှုကြောင့်ပျက်စီး ဆုံးရှုံးမှု သိန်း ၃၀ ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈းဝ၀ နာရီအချိန်ခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာ ဟိုင်းအေ့စ်အဖြူရောင်ယာဉ် မီးလောင်ကျွမ်းရာ ယာဉ်ပေါ်ပါကိုးဦးအနက်တစ်ဦးသာလွတ်မြောက်ခဲ့တယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၄းဝ၀ နာရီ အချိန်ခန့်က တောင်ဒဂုံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ စည်ပင်လမ်းထောင့်မှာရှိတဲ့ အကွီးဘီယာဆိုင်မီးလောင်ခဲ့ရာ ဆိုင်ပိုင်ရှင်သားအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့ပါတယ်။

Credit : kumudranews

( နှင်းနှင်း )



Follow us on