1. Home
  2. Special or Others

ဖခင်ဖြစ်သူကို ကိုယ်လုံးတီးပုံတွေ မှားပို့မိတဲ့သမီး

Special or Others ส.ค. 18, 2560 view 1,790

တစ်ခါတစ်ရံ ဖုန်းမှဦးခေါ်မိတဲ့ အဖြစ်တွေ၊ မက်ဆေ့မှားပို့မိတဲ့ အဖြစ်တွေကို ဖုန်းကိုင်တဲ့သူတွေအနေနဲ့ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ဖြစ်ဖူးကြမှာသေချာပါတယ်။ ဒါပေမယ့် ကိုယ့်မိဘဆီကို ကိုယ့်ရဲ့ ကိုယ်လုံးတီးပုံများပို့မိတဲ့အထိတော့ အခြေအနေမဆိုးလောက်ပါဘူး။


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက ကောလိပ်ကျောင်းသူတစ်ဦးကတော့ သူမရဲ့ အဖေဖြစ်သူကို သူမရဲ့ ကိုယ်လုံးတီးချွတ်ပုံမှားပို့မိခဲ့တဲ့အတွက် မျက်နှာပျက်စရာ အဖြစ်မျိုး ကြုံခဲ့ရပါတယ်။

Nyjah Cousar ဆိုသူ ကောလိပ်ကျောင်းသူက သူမရဲ့ရည်းစား Dasquan ကို ပေးပို့ရန် ရည်ရွယ်ပြီး  ရေးချိုးခန်းထဲမှာ ကိုယ်လုံးတီးချွတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ် အဲ့ဒီနောက် အဆိုပါ ဓါတ်ပုံမက်ဆေ့ကို ဖခင်ဖြစ်သူဆီ မှားပြီး ပေးပို့မိခဲ့ပါတယ်။

မက်ဆေ့ရတဲ့ ဖခင်ဖြစ်သူက ဒေါသထွက်ကာ စာပြန်ပို့ပြီး ဖုန်းခေါ်ခဲ့ပေမယ့် သူမအနေနဲ့ ကြောက်ရွံ့ပြီး ဖုန်းမကိုင်ရဲဖြစ်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ပေးပို့တဲ့စာထဲမှာတော့ “နင်ဘာတွေလျှောက်လုပ်နေတာလဲ၊ နင်ကို ကျောင်းထားတာ ဒါတွေပဲ လုပ်နေတယ်ပေါ့၊ ခုချက်ခြင်း ဖုန်းကိုင်စမ်း” စသည်ဖြင့်တို့ ပေးပို့ခဲ့ပါတယ်..။

 


 



Follow us on