1. Home
  2. Good Morning Myanmar

ကြက်သားစားသုံးသူလျော့နည်းလာတာကြောင့် ကြက်သားဈေးကွက် ထက်ဝက်ခန့်ကျဆင်းနေ

Good Morning Myanmar ส.ค. 18, 2560 view 1,432

ပြည်တွင်းမှာ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်သားဝယ်ယူစားသုံးသူ နည်းပါးနေပြီး ကြက်သားဈေးကွက်ကလည်း ထက်ဝက်ခန့်ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှသိရပါတယ်။ ဇူလိုင်လနောက်ဆုံးပတ်က တနင်္သာရီတိုင်းထားဝယ်မြို့နယ်မှာ စတင်တွေ့ရှိခဲ့တဲ့ ကြက်တွေသေဆုံးမှုကစလို့ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုအတည်ပြုလိုက်ပြီးနောက် လက်ရှိ အချိန်ထိ ကြက်သားစားသုံးသူလျော့နည်းလာတယ်လို့သိရပါတယ်။ဒါ့ကြောင့်ကြက်သား ဝယ်လိုအားနည်းတာကြောင့် ဈေးကွက်ကလည်းထက်ဝက်ခန့်ကျဆင်းနေတယ်လို့သိရပြီး ကြက်သား ဈေးကွက်တစ်ဝက်ခန့်ကျဆင်းသွားတာဟာ စားသုံးသူတွေအနေနဲ့ ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားမှုကို စိုးရိမ်တာကြောင့် ကြက်သားမစားသုံးကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စားသုံးသူပြည်သူတွေအနေနဲ့လည်း ကြက်သားအစား ငါး၊ပုဇွန်၊အသီးအရွက် တွေကိုသာ အစားထိုးစားသုံးနေရတာဖြစ်ပြီး ကြက်သားရောင်းချနေတဲ့ ဈေးသည်တွေကလည်း ယခင်ကထက် ကြက်သားရောင်းချရမှု နည်းသွားတယ်လို့သိရပါတယ်။အခုလို ကြက်သားစားသုံးမှု နည်းလာတာကြောင့် တခြားစားသုံးစရာ ငါးနဲ့ ဟင်းသီးဟင်းရွက်ကတော့ အဝယ်များတယ်လို့ ပြောပါတယ်။ ပြည်တွင်းမှာ ကြက်သားစားသုံးသူနည်းပါးလာတာနဲ့အမျှ ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း စီးပွားရေးကျဆင်းနေတာတွေ ကြုံတွေ့နေရပြီးနောက်ပိုင်းမှာ ပွင့်လင်းရာသီရောက်လာရင် အသားတိုးကြက်သားတွေ ဈေးကွက်ထဲမှာ မရှိသလောက်နည်းပါး သွားနိုင်တယ်လို့ ကြက်၊ဘဲဈေးမှ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။



Follow us on