1. Home
  2. Myanmar News

ရှက်တတ်ရင်လဲသေလို့ရတဲ့ မလေးရှားအိုလံပစ်ကော်မတီရဲ့ ပေါ့လျှော့မှု

Myanmar News ส.ค. 19, 2560 view 1,570

သြဂုတ်လ ၁၇ ရက်နေ့က မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့တောင်အာရှ SEA Game အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ မြန်မာနှင့် မလေးရှား ယှဉ်ပြိုင်မှု အပြီးတွင် ဟိုတယ်သို့ ပြန်လာသော မြန်မာအမျိုးသမီးဘောလုံးအသင်း လိုက်ပါလာသော ဘတ်စ်ကားအား လမ်းခုလတ်တွင် မလေးရှားရဲများက ပိတ်ဆို့တားဆီးခဲ့ပြီး ယာဉ်မောင်းသူအား ခိုးမှု၊ ယာဉ်မောင်းလိုင်စင်မရှိပဲ မောင်းနှင်မှုတို့ဖြင့် ဖမ်းဆီးခဲ့သည့် အတွက် မြန်မာအမျိုးသမီးဘောလုံးအသင်း တစ်ဖွဲ့လုံး အပြန်နောက်ကျ နှောင့်နှေးခဲ့ရသည်။

ထိုနေ့က ပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို ၅ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း ကြိုပို့ယာဉ်မောင်းနှင်သူ အသက် ၂၇ နှစ်အရွယ် မလေးရှားနိုင်ငံသားကို ခိုးမှု၊ လိုင်စင်မဲ့မောင်းနှင်မှုများဖြင့် ရှားအလမ် ရဲဌါနကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ရဲစစ်ချက်အရ အဆိုပါယာဉ်မောင်းမှာ မလေးရှားအသင်းသားတစ်ဦး၏ Swatch အမျိုးအစား ရီယိုအိုလံပစ် ၂၀၁၆ ခုနှစ်အတွက် ထုတ်လုပ်ထားသော နာရီကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်းနှင့် လိုင်စင်မဲ့ မောင်းနှင်မှု နှစ်ခုနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် မလေးရှားနိုင်ငံမှ အိုလံပစ်ပွဲကြီးကြပ်ရေးကော်မတီအား ပြစ်တင်ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး မြန်မာအမျိုးသမီးဘောလုံးအားကစားအသင်း အတွက် စီစဉ်ပေးထားသော ယာဉ်မောင်းမှာ အတွေ့အကြုံမရှိသည့်အတွက် အလွန်ပင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ကြောင်း လူမှုကွန်ယက်ပေါ်မှ ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။



အဆိုပါ ဖြစ်ရပ်အတွက် မလေးရှားအားကစားဝန်ကြီးဌါနမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ကော်မတီအနေနဲ့ ပို့ဆောင်ရေးနှင့် ပက်သက်ပြီး ကန်ထရိုက်စနစ်ဖြင့် ချပေးထားသော ကုမ္ပဏီများကို အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပျက်စေရန် တင်းတင်းကြပ်ကြပ်စစ်ဆေးသွားမည်ဟု ပြောဆိုခဲ့ပြီး အဆိုပါယာဉ်မောင်းအားခန့်အပ်ထားသော ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပြန်လည် ရုတ်သိမ်းသွားမည်ဟု ပြောကြားခဲ့သည်။

ယာဉ်မောင်းတွင် အခြားပြစ်မှုများ ရှိ၊ မရှိ စစ်ဆေးရန် တနင်္ဂနွေနေ့ထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 



Follow us on