1. Home
  2. Special or Others

အလုပ်ရှင်၏ ပြစ်ဒဏ်ပေးမှုကြောင့် ၁၅ နှစ်အရွယ်မိန်းကလေး သေဆုံး

Special or Others ส.ค. 21, 2560 view 2,132

အလုပ်တက်တာ နောက်ကျသည့်အတွက် အလုပ်ရှင်ဖြစ်သူမှ ဒဏ်ပေးခဲ့ပြီးနောက် ၁၀ ရက်တွင် အဆိုပါ အသက် ၁၅ နှစ်အရွယ်မိန်းကလေးမှာ ဆေးရုံတွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်များက ဝမ်းနည်းစွာ ပြောကြားခဲ့သည်။


ချစ်စနိုးအမည် ကွားဖီ ဟုခေါ်သည့် အသက် ၁၅ နှစ်အရွယ်မိန်းကလေးက အသက်မပြည့်သေးသဖြင့် သူမသူငယ်ချင်းဖြစ်သူထံမှ မှတ်ပုံတင် ခတ္တငှားကာ အိမ်ခြံမြေလုပ်ငန်း Qfang ဆိုသည့် ကုမ္ပဏီတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည်။ ပြည်တွင်းသတင်းဌါန၏ ရေးသားမှုအရ သူမဟာ ဖခင်အတွက် ကျန်းမာရေး ကုန်ကျစရိတ်ကို ထောက်ပံ့နိုင်အောင် အသက်မပြည့်သေးပဲ အလုပ်လုပ်နေခဲ့ကြောင်း ဖော်ပြခဲ့သည်။


တစ်ရက်တွင် အလုပ်နောက်ကျသဖြင့် မန်နေဂျာဖြစ်သူက အပြစ်ပေးသည့်အနေနှင့် ထိုင်ထ အခါ ၁၀၀ လုပ်ခိုင်းခဲ့သည်။ မန်နေဂျာဖြစ်သူကလည်း ဂွမ်ဒေါင်းရုပ်သံနှင့် အင်တာဗျူးမှာ ဟုတ်မှန်ကြောင်း ဝန်ခံထားခဲ့သည်။ သို့သော် အပြစ်ပေးခြင်းမဟုတ်ပဲ လေ့ကျင့်ခန်းအနေနဲ့ လုပ်ခိုင်းခဲ့ကြောင်း သူမကလည်း အခါ ၁၀၀ ပြည့်အောင် ထိုင်ထ လုပ်သွားခဲ့ကြောင်း ပြောဆိုခဲ့သည်။


ကွားဖီ၏ ဖခင်ဖြစ်သူ မစ္စတာကျင်းက အဲဒီလို အပြစ်ပေးခံရပြီးနောက်မှာ သူ့သမီးက နေထိုင်မကောင်းဖြစ်လာပြီး နောက်ဆုံးမှာ သူ့ခြေထောက်သူပင် မသယ်နိုင်တော့သည့် အခြေနေသို့ ရောက်သွားခဲ့ကြောင်း ပြောဆိုခဲ့သည်။
ကလေးမလေးမှာ ခြေတွေလက်တွေ မသယ်နိုင်တော့ပဲ အကြောသေသလို ဖြစ်ခဲ့ရသည့်အတွက် ဟူနန်ရှိ တက္ကသိုလ်ဆေးရုံးကြီးသို့ တင်ပို့ပြီး အတွင်းလူနာအဖြစ် တင်ပို့ခဲ့ရပြီး မကြာမီ အသက်ရှုခက်ခဲမှု ဝေဒနာခံစားရကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
 



Follow us on