1. Home
  2. Movie Stars - Celebrity

ဒေါ်အောင်ဆန်းစုကြည် နောက်ခံပုံရိပ် သုံးခဲ့သည့်အပေါ် ဝေဖန်ခံနေရတဲ့ နီနီခင်ဇော်

Movie Stars - Celebrity ส.ค. 22, 2560 view 1,697

အာဆီယံ+၃ (Asean+3) သီချင်းဆိုပြိုင်ပွဲတွင် ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’   သီချင်း ဖြင့်  ဒုတိယဆုရခဲ့သော   နီနီခင် ဇော်၏    ပြိုင်ပွဲဝင် ဖျော်ဖြေမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

 


နီနီခင်ဇော်သည် သီဆိုယှဉ် ပြိုင်နေချိန်တွင် နောက်ခံပရိုဂျက်တာပေါ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များဖြင့် ပြသဖျော်ဖြေသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
၎င်း၏ပြိုင်ပွဲဝင်အရည်အချင်းနှင့် ဒုတိယဆုရရှိသည့်အပေါ် ပရိသတ်များအားပေးခဲ့ကြသော် လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် တွဲဖက်ဖျော်ဖြေသည့်အပေါ်  ဝေဖန်နေကြသည်။


အဆိုတော် နီနီခင်ဇော်သည် “မျှော်လင့်ချက်တစ်စုံတစ်ရာ” သီချင်းထွက်ခဲ့စဉ်က ဒေါ်အောင်ဆန်း စုကြည်ကို ရည်ရွယ်ခြင်းမဟုတ်ဘူးဟု အင်တာဗျူးအချို့တွင် ဖြေဆိုခဲ့ပြီး အာဆီယံသီချင်းဆိုပြိုင်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ပုံကို နောက်ခံထားပြီး တွဲဖက်ဖျော်ဖြေ သည့်အပေါ် အဓိကဝေဖန်နေကြသည်။


၎င်းအသုံးပြုသည့် နီနီခင် ဇော်ပေ့ခ်ျတွင်တော့ “မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်တစ်စုံ တစ်ရာသီချင်းနဲ့ Asean Song Contest မှာ 1st Runner Up ဆု ရခဲ့ပါပြီ။ Semi Final နဲ့ Final နှစ် ဆင့်ပြိုင်ခဲ့ပါတယ်။ တေးသီချင်း များ သီဆိုခွင့်ပေးတဲ့ ကိုဆောင်းဦးလှိုင်နဲ့ Semi Final မှာ နှုတ် ဆက်ထွက်ခွာခြင်းကို သီဆိုခွင့်ပေးခဲ့တဲ့ ဆရာစောခူဆဲ၊ စိတ်ခွန်အားပေးယှဉ်ပြိုင်ဖို့ အားပေးခဲ့တဲ့ ဆရာရွှေ၊ Music Producer ဆရာ ဓီရာမိုရ်နှင့် ကိုမျိုးဇော်ထက်၊ သူငယ်ချင်းအတွက် အားပါးတရကူ ပေးတဲ့ ကိုအောင်ထက်၊ Dress မပုံ့၊ LED အတွက် ပြင်ဆင်ပေးသူများအားလုံး၊  အဘက်ဘက်မှ ကူညီပေးသူများအားလုံး၊ မြန်မာပြည်မှ အားပေးနေတဲ့ ပရိသတ်များအားလုံးကို  အထူးကျေးဇူးတင်ပါတယ်။ အကောင်းဆုံးကြိုးစားမှုကို ကျေနပ်လိမ့်မယ်ထင်ပါတယ်ရှင်။ မနက်ဖြန် ညနေ ၆ နာရီ ၁၅ မိနစ်အရောက် Vietnam Airline နှင့်အတူတူဆုကို မြန်မာပြည်ပြန် သယ်လာခဲ့ပါ့မယ်” ဟု ရေးသား ထားသည်။


အဆိုပါ ပွဲတွင် မြန်မာနိုင်ငံ မှ အဆိုတော် နီနီခင်ဇော်အပြင် အောင်ထက်ပါ သွားရောက်ယှဉ် ပြိုင်ခဲ့ပြီး အဆိုတော်အောင်ထက် သည် စန္ဒားဦးလှထွဋ်၏ ‘အချစ် ဘယ်ကစ’ သီချင်းဖြင့် ယှဉ်ပြိုင် ရာတွင် လူကြိုက်အများဆုံးဆုကို ရရှိခဲ့သည်။


သတင်းရင်းမြစ်−7DayDaily
 



Follow us on